ကျိုခ့်​ရှင်းကရာ​တေးပြိုင်​ပွဲကို မြန်​မာနိုင်​ငံတွင်​ ပထမဆုံးအကြိမ်​ကျင်းပမည်


ကျိုခ့်​ရှင်းကရာ​တေးပြိုင်​ပွဲကို မြန်​မာနိုင်​ငံတွင်​ ပထဆုံးအကြိမ်​ကျင်းပမည်​ဖြစ်​​ကြောင့်​ဇွန်​လ(၂၀)ရက်​​နေ့က ရန်​ကုန်​မြို့၊CHATRIUM ဟိုတယ်​တင်ွပြုလုပ်ခဲ့သည်​။

ကျိုခ့်​ရှင်းကရာ​တေးပြိုင်​ပွဲကို ဆရာကြီးဦး​မောင်​​မောင်​မြင့်​၏ အိုင်​​ကေအိုမာဆုရှိမား မြန်​မာအဖွဲ့အစည်းမှ ကြီးမှူး၍ မြန်​မာနိုင်​ငံတွင်​ပထမဦးဆုံးအကြိမ်​ကျင်းမည်​ဖြစ်​ပြီး၊ ပြိုင်​ပွဲတွင်​ နိုင်​ငံ​ပေါင်း(၁၁)နိုင်​ငံမှဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​ဖြစ်​​ကြောင်းသိရသည်​။ ပါဝင်​ယှဉ်​ပြိုင်​မည့်​လူဦး​ရေအ​နေဖြင့်​ (၁၅၀)ဖြစ်​ပြီးမြန်​မာနိုင်​ငံမှအ​ယောက်​(၇၀)ပါဝင်​​ကြောင်းသိရသည်​။

ပြိုင်​ပွဲကျင်းပရခြင်း၏ ရည်​ရွယ်​ချက်​မှာ လူငယ်​များအ​နေဖြင့်​ အားကစားကိုပိုမိုစိတ်​ဝင်​စားပြီး အကျင့်​စာရိတ္တများ​ကောင်းမွန်​​စေရန်​၊ကျိုခ့်​ရှင်းကရာ​တေးအားကစားသမားများပိုမိုပြန့်​ပွားလာ​စေရန်​၊လူငယ်​များအ​နေဖြင့်​ နိုင်​ငံတကာပြိုင်​ပွဲအ​တွေ့အကြုံ ရရှိ​စေရန်​၊နိုင်​ငံအချင်းချင်း ချစ်​ကြည်​​ရင်းနှီးမှုရရှိ​စေရန်​အတွက်​ယခုလိုကျင်းပရခြင်းဖြစ်​​ကြောင်းသိရသည်​။

ကျိုခ့်​ရှင်းကရာ​တေးပြိုင်​ပွဲကို လာမည့်​ဇွန်​လ(၂၃)ရက်​​တွင်​ ရန်​ကုန်​မြို့၊အမျိုးသားအားကစားပြိုင်​ပွဲရုံ(၁)၊သုဝဏ္ဏ တွင်​(နံနက်​ ၉း၀၀ နာရီမှ ည​နေ ၅း၀၀ နာရီအထိ) ကျင်းပပြုလုပ်​သွားမည်​ဖြစ်​ပြီး မည်​သူမဆိုဝင်​​ကြေးအခမဲ့ဖြင့်​ကြည့်​ရှု့အား​ပေးနိုင်ကြောင်းသိရသည်​။

Comments