ကြက်မွေးမြူရေးခြံလုပ်သားများအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်မည်
ကြက်မွေးမြူရေးခြံလုပ်သားများအတွက် ကျွမ်းကျင်မှု စံသတ်မှတ်ရေး၊ စစ်ဆေးခြင်းရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး ဆိုင်ရာ များအား ရှင်းလင်းဆွေးနွေးပွဲကိုယခုလ၂၅ (အင်္ဂါနေ့)နေ့လည် ၁ နာရီ မှ ၄ နာရီအထိမြန်မာနိုင်ငံမွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်တွင်ပြုလုပ်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။
အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့ (National Skills Standards Authority - NSSA) သည် ကြက်မွေးမြူရေးခြံလုပ်သားများအတွက် ကျွမ်းကျင်မှု များအား စစ်ဆေးကာ ကျွမ်းကျင်မှု အဆင့် - ၂ လက်မှတ် ထုတ်ပေးနိုင်ရန်အတွက် ကျွမ်းကျင်မှု စံများ သတ်မှတ်ရေးဆွဲထားရှိပြီး ဖြစ်သည်။
အဆိုပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် ပဏာမ စစ်ဆေးမှုများလည်း စမ်းသပ် ပြုလုပ်ထားပြီးဖြစ်သည့်အတွက် အဆိုပါစံသတ်မှတ်ချက်များနှင့် ကျွမ်းကျင်မှု စစ်ဆေးပုံ အသိအမှတ်ပြုပုံများအား NSSA မှ ကျွမ်းကျင်သူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများမှမွေးမြူရေးလောကသားများအားရှင်းလင်းဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။

Comments
Post a Comment