ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ငါးပိချောင်း ရေကျော်ချောင်း၌ ချောင်းအတွင်းရေငုပ်စဉ် မိကျောင်းကိုက်ချီ ဆွဲသွားခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းကအုပ်ကျေးရွာ ငါးပိချောင်း ရေကျော်ချောင်းအနီးတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်းနှင့် တစ်နိုင်တစ်ပိုင်ဘဲမွေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုမျိုးထွန်း (၄ဝ)နှစ်သည် ဇွန် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲက ဘဲစာကျွေးရန်အတွက် ရေကျော်ချောင်းအတွင်း ရေငုပ်ကာ ခရုကောက်နေစဉ် မိကျောင်းတစ်ကောင်က ကိုက်ချီဆွဲယူသွားခြင်းဖြစ်သည်။
သေဆုံးသွားသူ ကိုမျိုးထွန်းမှာ ညာလက်မောင်း၊ ညာရင်စို့၊ ရင်ဘတ်၊ ညာလည်ပင်းအောက်ညှပ်ရိုးနှင့် ကျောညာဘက်တို့တွင် မိကျောင်း ကိုက်ဒဏ်ရာ ကုတ်ရာများနှင့်သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သူသည် မွေးချင်းမောင်နှမ ငါးဦးအနက် အကြီးဆုံးသားဖြစ်ကာ ဇနီးသည့်နှင့်သားသမီး
သုံးယောက်ကျန်ရစ်ခဲ့ကြောင်းသိရသည်။
Comments
Post a Comment