ပြိုကျပျက်စီးနေသည့် စေတီတော်အတွင်းမှ အရွယ်အစားမျိုးစုံငွေ/ကြေးဆင်းတုတော် (၉၄)ဆူတွေ့ရှိ


ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ဇီးကုန်းကျေးရွာ လယ်ပြင်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဆောင်၍ ကျေးရွာသူ/သား ၁၀ ဦးခန့်တို့သည် ဘုန်းကြီးကျောင်း အတွင်းရှိပြိုကျ ပျက်စီးနေသော စေတီတော်အဟောင်းမှ အုတ်များအားစေတီတော် အသစ်တည်ဆောက်ရာတွင် အသုံးပြုရန် အတွက် သယ်ယူစဉ် ဉာဏ်တော် ၄ လက်မခန့် ပရိုးဆင်းတုတော် ၅၁ ဆူ၊ ဉာဏ်တော် ၁ လက်မမှ ၁၄ လက်မအတွင်းရှိအရွယ်အစားမျိုးစုံ ကြေးဆင်းတုတော် ၃၃ ဆူ၊ ဉာဏ်တော် ၄ လက်မမှ ၉ လက်မအတွင်းရှိအရွယ်အစားမျိုးစုံ ငွေဆင်းတုတော် ၉ ဆူ၊ ဉာဏ်တော် ၃ လက်မခန့်ရှိနဂါးရုံဆင်းတုတော် ၁ ဆူ ၊ ဉာဏ်တော် ၄ လက်မခန့်ရှိ ရှင်ဥပဂုတ္တပုံတော် ၂ ခု၊ အလျား ၄ လက်မ၊ အနံ ၄ လက်မခန့်ရှိ ငွေကျောင်းဆောင် ၁ ခု၊ အလျား ၂၀ လက်မ၊ အနံ ၃ လက်မခန့်ရှိငွေပုရပိုက် ၁ ခု ၊ အလျား ၄ လက်မ၊အနံ ၃ လက်မခန့်ရှိ ငွေပုရပိုက် ၁ ခု ၊ အမြင့် ၄ လက်မ၊ လုံးပတ် ၁ လက်မခန့်ရှိ ဓါတ်တော်ကြုတ် ၁ ခု၊အမြင့်လက်မဝက်၊ လုံးပါတ်လက်မဝက်ခန့်ရှိ ရွှေရောင်ကြုတ် ၁ ခု ၊ အလျား ၁၂ လက်မ၊ အနံ ၈ လက်မခန့်ရှိ ကြေးပြဿဒ် ၃ ခု ၊ ရွေးစေ့ခန့်ရှိ ကျောက်နီ ၂ လုံး၊ ရွေးစေ့ခန့်ရှိ မီးခိုရောင်ကျောက် ၂ လုံးတို့အားတွေ့ရှိခဲ့သည်။



အဆိုပါ တွေ့ရှိပစ္စည်းများအား ကျောင်းတိုက်၌ ထိန်းသိမ်းထားရှိပြီး တည်ဆောက်မည့် စေတီတော်အသစ်၌ ဌာပနာသွင်းပူဇော်ရန် စီစဉ် ထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။                                    UK

Comments