ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဦးရွှေဘင်လမ်းပေါ်တွင် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ မဉ္ဖူ(၅)လမ်းနေ မဇင်××××(ယောက်ျားလျာ)၊ အသက်(၂၀)နှစ်၊ (အဖ) ဦးအေး×××
သည် ၎င်းနှင့်အတူနေ အဖော်ဖြစ်သူ လိပ်စာတူ မသီ××× အသက်(၂၀)နှစ်၊ (အဖ)ဦးသန်း×××အား စကားများရာမှ ကြက်သွန်လှီးဓားဖြင့် ထိုးခဲ့ကြောင်း၊ မသီတာမွန်မှာ လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားပြီး မဇင်မာလင်း(ယောက်ျားလျာ) မှာလည်း မိမိကိုယ်ကို ဓားဖြင့် ပြန်လည် ထိုးခဲ့ရာ နေရာ၌ သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်တွင် သေဆုံးသူတရားခံ မဇင်မာလင်း (ယောက်ျားလျာ) အား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၂၄၅၅/ ၂၀၁၆၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ SM
Comments
Post a Comment