အမြန်လမ်း၌ ခရီးသည်ယာဉ်များ ခဲပေါက်ခံရမှုနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့ မှ သံသယရှိသူများအားဖမ်းဆီး



အမြန်လမ်း၌ ခရီးသည်ယာဉ်များ ခဲပေါက်ခံရမှုနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ  ဖြစ်စဉ်နှင့်ပါတ်သက်၍ အမြန်လမ်းမတလျောက် ခရီးသွား လာနေသည့် ပြည်သူများ စိတ်လုံခြုံ မှုရရှိစေရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှ  အထူးအဖွဲ့ များ ဖွဲ့ ၍  လှည့်ကင်း ပါတ်ကင်း ကင်းပုန်းများဖြင့် ဖြစ်စဉ် နယ်မြေ တဝိုက်  လုံခြုံရေး ဆောင်ရွက်ခဲ့ ရာ  ဇွန်လ(၂၅) ရက် ည ၁၀ နာရီ ၁၀ မိနစ်အချိန်က   မိုင်တိုင် ၆၇/၃ အနီး တွင် စောဆေးလယ်ဝါး ၂၇ နှစ်(ဘ)ဦးခမ်းမောင် ကိုးတဲစုကျေးရွာ သပြေတန်းကျေးရွာအုပ်စု ဒိုက်ဦးမြို့နယ် နေသူအား လူကိုဘေးအန္တရာယ်ဖြစ်စေနိုင်သည့် လက်လုပ်လေသေနတ် ၂ လက်၊ သေနတ်ပစ်ရာတွင်အသုံးပြုသည့် ကော်ဘူးအသေးအတွင်းထည့်ထားသည့် စက်ဘီးဘောစိ ၁၄၆ လုံး၊ လေးခွ ၁ လက် လေးသီးအဖြစ်အသုံးပြုသည့် ကျောက်စရစ်ခဲ ၄ ခဲ၊ ခေါင်းစွပ်ဓာတ်မီး စိမ်း ၁၊ အနက် ၁ လုံး ၊ ဓာတ်ခဲအသေး ၃ လုံး တို့နှင့်အတူ  ဖော်ထုတ် ဖမ်းမိခဲ့သည်။  ဖမ်းဆီးရာတွင် ထွက်ပြေးသူ စောဝါးနီ (၃၅) နှစ်အား  ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။  



Comments