ဆယ်ကျော်သက်ရန်ကင်းသူမိန်းကလေးများ ကိုယ်တိုင်ဦးဆောင်၍ အများပြည်သူ ပန်းခြံကို အကောင်ထည်ဖော်



မြန်မာနိုင်ငံတွင် ဒုတိယမြောက်မိန်းကလေးဦးဆောင်သော အများပြည်သူအပန်းဖြေပန်းခြံကို ရန်ကင်းမြို့နယ်အတွင်း ဇွန်လ ၂၂ရက်က ဆယ်ကျော်သက်မိန်းကလေး ၁၃ ဦးတို့က ဖွင့်လှစ်ခဲ့ပြီး သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများ၊ ရပ်မရပ်ဖ များ နှင့် ဒို့အိမ်အဖွဲ့တို့ဖြင့် ပူးပေါင်း ၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်​။

မြန်မာနိုင်ငံအတွင်း မိန်းကလေးများ ယခုထက်ပို၍ စွမ်းဆောင်ရည်မြှင့်တက်လာစေရန် ဒို့အိမ် နှင့် SPRING Accelerator အဖွဲ့တို့က ပူးပေါင်းပြီးရန်ကုန်မြို့အတွင်း မြို့နယ်အချို့တို့တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။ မိန်းကလေးများ အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အများပြည်နေရာ အဆင့်မြှင်တင်မှုခြင်းများ နှင့် ၄င်းတို့ကိုယ်ပိုင် ဒီဇိုင်းပုံဖော်မှုများ လုပ်ဆောင်ခဲ့ သည်။ ပတ်ဝန်းကျင်ကို ဖန်တီးပုံဖော်မှုတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် နှင့် ဆက်စပ် ပတ်သက်သော ရေးဆွဲမှုများ၊ ငွေကြေးတွက်ချက်မှုများ၊ တွေးခေါ်ယူဆချက်များ နှင့် ဒီဇိုင်းရေးဆွဲများ  အသီးသီးေ လ့လာ ခွင့်ရရှိခဲ့တဲ့အပြင်မြို့အနှံလှည့်လည် လေ့လာမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ ကာ ဒီဇိုင်းများလေ့လာခဲ့သည့် အတွက်၎င်း တို့သည် စွမ်းဆောင်ရည်မြှင့်တက်လာခဲ့ပြီး မိမိကိုယ်ကို ပိုမိုယုံကြည်မှု ရရှိခဲ့သည်ဟုသိရသည်​။

“သမီးတို့မိန်းကလေးများအဖွဲ့က လုံခြုံတဲ့နေရာလေးတစ်ခုကို ဒို့အိမ်ကဗိသုကာ ပညာရှင်တို့ နဲ့ အတူ ပူးပေါင်းပြီး ပုံဖော်ဖန်တီးခဲ့ပါတယ်။ အဲ့နေရာလေးမှာ ကလေးတွေ လာရောက်ဆော့ ကစားနိုင်ပြီး တော့ အသက်ကြီး သူတွေလဲ အပန်းဖြေတဲ့အခါ သဘာဝကိုခံစားနိုင်တဲ့နေရာ မျိုးဖြစ်အောင်လည်း ဆောင်ရွက်ထားပါတယ်။ ဒီနေရာလေးမှာ လမ်းလျှောက်အပန်းဖြေနိုင်ပြီး ကိုယ်လက် လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ အဲ့လိုမျိုးအဘက်ဘက်က  ပြည့်စုံတဲ့ ပန်းခြံလေး တစ်ခုကို ရန်ကင်းမြို့နယ်ထဲမှာ ရရှိတဲ့အတွက် အရမ်းပဲဝမ်းသာမိပါတယ်” ဟု အဆိုပါမိန်းကလေး များအဖွဲ့မှ မစုလင်းထက် က ပြောသည်။





အဆိုပါရန်ကင်းမြို့နယ် (၄)ရပ်ကွက်ရှိမြေဧက ၀.၂၂ အကျယ်ရှိခဲ့ပြီး ယခင်က ခြင်းလုံးကစားကွင်းနေရာ တစ်ခုသာ ရှိခဲ့ကြောင်း သိရသည်။ယခုအခါပန်းခြံအတွင်း ကလေးကစားကွင်း ပစ္စည်း များ လေ့ကျင့်ခန်းပြုလုပ်နိုင်သောပစ္စည်းများနှင့် ထိုင်စရာနေရာများထားရှိပြီး စိမ်းရောင် ပတ်ဝန်းကျင် တစ်ခုပိုင်ဆိုင်လာနိုင်စေရန်အတွက် သစ်ပင်များကိုလည်း စိုက်ပျိုးထား​ကြောင်းသိရသည်​။

Comments