ဒလ တံတားတည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်



ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၁ ရက်၊နေ့လည် ၁ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ ခန်းမ(၃)၌ ပြုလုပ်ခဲ့သည်။




အဆိုပါ အစည်းအ​ဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Mr. Lee Sang-hwa၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့မှ သတင်းရရှိသည်။                                  UK

Comments