ယာဉ်ထိန်းရဲမေအား ယူနီဖောင်းဆောင့်ဆွဲပြီး သံချွန်ဖြင့် ထိုးမည်ဟု ခြိမ်းခြောက်



ဇွန်လ ၁၈ ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနှင့် သာယာဝတီလမ်းဆုံတွင် လမ်းရှင်းလင်းရေး တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေတစ်ဦး၏ ယူနီဖောင်းကို ဆောင့်ဆွဲ၍ သံချွန် ဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် ယာဉ်မောင်း အောင်ဆန်းဦး ၃၀ နှစ်ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၈၇) မှ ရဲမေနှစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် ၆၂ လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်တစ်စီးက မီးနီနေစဉ် ကွေ့ဝင်ခဲ့သဖြင့် တစ်ဖက်ယာဉ်ကြောမှ ယာဉ်များနှင့် တိုက်လုနီးဖြစ်ပွားခဲ့သည့် အတွက် ရဲမေ ဒုရဲအုပ်ဝေမာစန်းက တားဆီးစစ်ဆေးခဲ့သည်။   


ထို့နောက် အရေးယူရန်လိုင်စင် တောင်းယူပြီး ယာဉ်၊ လမ်းထိန်းသိမ်းရေးတပ်ဖွဲ့မှူးထံ သတင်းပို့နေစဉ် ယူနီဖောင်းကို ရင်ဘတ်နေရာမှဆွဲ၍ လက်တစ်ဖက်က သံချွန်ဖြင့်ထောက်ကာ ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ သည့်အပြင် ဖုန်းကိုပါလုယူခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် အနီးရှိ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်သူကို ဖမ်းဆီးခဲ့ပြီး ကျူးလွန်သူ ယာဉ်မောင်းအား ယင်းရဲစခန်းတွင် ပြစ်မှုဥပဒေ ပုဒ်မ-၃၉၃/၃၃၂/၃၅၄/၅၀၆ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။    BP

Comments