တိုင်ဒေသကြီးနှင့် ပြည်နယ်အချို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့



ဇွန်လ ၁၄ ရက်၊ နံနက် ၁၀ နာရီ ၁၀  မိနစ်အချိန်က မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ပဒါန်းနယ်မြေရဲစခန်းဝင်းအတွင်း၌ ၁၉၈၆ ခုနှစ် ဘဏ္ဍာရေး ခွင့်ပြုငွေ ၇၀,၀၀၀ ကျပ်ဖြင့် ဆောက်လုပ်ထားသော ရဲတပ်ဖွဲ့ပိုင် ဟောင်းနွမ်း ဆွေးမြေ့နေပြီး ရဲတပ်ဖွဲ့ဝင်များနေထိုင်ခြင်းမရှိသော အလျား ၆၄ ပေ ၉ လက်မ၊ အနံ ၂၂ ပေ ၆ လက်မ၊  အမြင့် ၁၅ ပေခန့် ၄ ခန်းတွဲ ၁ ထပ် သက္ကယ်မိုး/ထရံကာ/ပျဉ်ခင်း ၄ ခန်းတွဲနေအိမ် ၁ လုံး ပြိုကျ ပျက်စီးခဲ့သညိ။

ထို့အတူ ဇွန်လ ၁၄ ရက် ည ၇ နာရီခွဲမှ ည ၇ နာရီ ၃၅ မိနစ်အချိန်ထိ လေပြင်းတိုက်ခက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ရွှေကျွန်းကျေးရွာပါ ၄ ရွာတွင် လူနေအိမ် ၂ လုံး ပြိုလဲ၊ လူနေအိမ် ၄ လုံး အမိုးလန် ပျက်စီးခဲ့သည်။
အလားတူ ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲအချိန်တွင် မိုးရွာသွန်းမှုကြောင့် မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်၊ ရဲဘော်ဟောင်းကျေးရွာ ပြည်-အောင်လံကားလမ်း မိုင်တိုင်(၁၉၃/၄-၅) ကြား၌ ဆောက်လုပ်ဆဲ အလျား ၄၂ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၆ ပေခန့် ဂုံးကျော်တံတားမှာ ရေတိုက် စားသဖြင့် အလျား ၈ ပေ အနံ ၄ ပေခန့်  ပျက်စီးဆုံးရှုံးခဲ့သည်။




အလားတူ ဇွန်လ ၁၄ ရက် နံနက် ၁၁နာရီခွဲ အချိန် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ စာသင်ဆောင်များ အတွင်းသို့ ရေများ ၁ ပေခန့်ဝင်ရောက်ခဲ့သဖြင့် နေ့လည် ၁၂ နာရီတွင် စိတ္တသုခမဏ္ဍိုင် ကျောင်းတိုက် ဓမ္မာရုံသို့  ကျောင်းသား/သူ ၁၀၃ ဦးနှင့် ကျောင်းဆရာ/မ ၃ ဦးတို့မှ ပြောင်းရွှေ့စာသင်ကြားခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။        UK

Comments