မြန်မာနိုင်ငံ၏ ထိပ်တန်း အမျိုးသမီးသုံး သန့်စင်ဆေးရည် အမှတ်တံဆိပ်တစ်ခုဖြစ်သော ဘီတာဒင်းက မြန်မာနိုင်ငံရှိအမျိုးသမီးများအကြား မိန်းမကိုယ်ကျန်းမာရေးနှင့် ပတ်သက် သည့် အသိပညာ၊ ဗဟုသုတများမျှဝေရန်နှင့် ဖွင့်ဟဆွေးနွေးမှုများ ပိုမိုများပြားလာရန်အတွက်အသညာ ပေး အခမ်းအနားတစ်ခုကို ဇွန် ၁၆ ရက် Junction City တွင်ကျင်းပပြုလုပ်ခဲ့သည်။
“ကိုယ့်ရဲ့ ယုံကြည်မှု အပြည့်အဝကို ဘီတာဒင်းနဲ့ ရယူလိုက်ပါ” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်သော အခမ်းအနားကို မိန်းမကိုယ်ကျန်းမာရေးနှင့် ပတ်သက်သည့် လွဲမှားနေသည့် အယူအဆ များစွာကို ဖြေရှင်းပေးရန် ၊ အမျိုးသမီးများ ဘီတာဒင်း အမျိုးသမီးသုံး သန့်စင်ဆေးရည် အသုံးပြုခြင်းဖြင့် တစ်နေ့တာလုံး သက်သောင့်သက်သာရှိစွာဖြင့် ယုံကြည်မှုအ ပြည့်အဝ ရယူနိုင်ကြောင်း မျှဝေပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဘီတာဒင်းမှ ပြုလုပ်ခဲ့သော ကိုယ်ပိုင်စစ်တမ်းအရ မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုမှာ မိန်းမကိုယ်နေရာတွင် သန့်ရှင်းကျန်းမာရေးဆိုင်ရပြဿနာများ ဖြစ်ပွားသည့်အခါ အကူအညီတောင်းရန် ရှက်ရွံ့နေသော ကြောင့် မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းလာပြီး စိုးရွံ့အားငယ်စိတ်များ ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။ မိန်းမကိုယ်သန့်ရှင်းကျန်မာရေးဆိုင်ရာ ပြဿနာများတွင် ယားယံခြင်း၊ ဓမ္မတာချိန်တွင် အနံ့ဆိုးထွက်ခြင်းနှင့် သက်သောင့်သက်သာ မရှိခြင်း၊ သွေးဆုံးချိန်တွင် မိန်းမကိုယ် အသားအရေ ခြောက်သွေ့ခြင်း၊ အားကစားနှင့် နေ့စဉ် လှုပ်ရှားသွားလာမှုများကြောင့် ချွေးထွက်များခြင်း စသည်တို့ ပါဝင်သည်။ အဆိုပါ ပြဿနာများ ခံစား နေရချိန်တွင် မိမိတို့ မိန်းမကိုယ်နေရာအတွက် မည်ကဲ့သို့ ကာကွယ်ကုသနိုင်သည်ကို ထိရောက်မှန်ကန်စွာ လမ်းညွှန်ထားသည့် အကြံပြုချက်များ ရရှိနိုင်ရန် အခက်အခဲရှိကြောင်း မြောက်မြားစွာသော အမျိုးသမီးများက ဖွင့်ဟပြောကြားခဲ့သည်။ ထို့ကြောင့် ဘီတာဒင်းက အမျိုးသမီးများအတွက် ၎င်း၏ တတ်ကျွမ်းနားလည်မှုများကို မျှဝေကာ မိန်းမကိုယ်သန့်ရှင်းကျန်းမာရေး၏အရေးကြီးပုံကို အသိပညာပေးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
Comments
Post a Comment