မိခင်နှင့် လူမှုရေးဖောက်ပြန်နေတယ်​ဟုဆိုကာ သားဖြစ်သူက ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်



မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းအုပ်စု၊ရုံးပင်ရွာ
အရှေ့ဘက်၎ ဖာလုံခန့်အကွာ ဦးပု၏ ယာတောအနီး
ဇွန်လ ၁၂ ရက်နေ့က ရုံးပင်ကျေးရွာနေ မင်းမင်း(ခ)မင်းမင်းထက် (၃၂)နှစ်သည် တစ်ရွာတည်းနေ ဦးမြင့်ဝင်း (၅၇)နှစ်ကို ၎င်းအမေနဲ့လူမှုရေး ဖောက်ပြန်နေသည်ဟု စွပ်စွဲကာ အသင့်ပါလာသည့် ကိုင်းခုတ်ဓါးဖြင့်ခုတ်သတ်ခဲ့သည်ဟုသိရသည်​။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးမြင့်ဝင်း၏ သမီးဖြစ်သူမှ မတ္တရာမြို့နယ်ဆည်တော်ကြီး နယ်မြေရဲစခန်းသို့တိုင်ကြားခဲ့ရာ မင်းမင်း(ခ)မင်းမင်းထက်အား ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။                                      TT

Comments