ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းထွန်း၊ ဒုလဝကမှူး ဦးစိုင်းညွန့်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက်၊နေ့လည် ၁ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ၊ (၁၀)ရပ်ကွက် ESTA ဟိုတယ်၌ တည်းခို နေထိုင်သော တရုတ်နိုင်ငံသား Mr.Li Zhao (၄၁)နှစ် (နိုင်ငံကူးလက်မှတ်အမှတ် EG 2238846 ) အား စစ်ဆေးရာ ၎င်းသည် ဇွန်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ ၊ ထန်းချူးမြို့မှ မြန်မာနိုင်ငံ ကန်ပိုက်တီး နယ်စပ်ဂိတ်သို့ ရှောင်ကွင်း၍ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရုတ်နိုက်ငံသား Mr.Li Zhao အား လမ်းမတော်မြို့မရဲစခန်း (ပ)၂၁၀/၂၀၁၉၊ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments
Post a Comment