တန့်ဆည်မြို့နယ်နှင့် နောင်ချိုမြို့နယ်များတွင် မိုးကြိုးပစ်ခတ်မှုကြောင့် ကျောင်းသား/ကျောင်းသူ (၈)ဉီး လျှပ်စစ်စက်ကွင်းမိ၍ထိတ်လန့်သတိလစ်ခဲ့ပြီး နွား(၂)ကောင်သေဆုံး
ဇွန်လ ၁၁ ရက်၊ မွန်းလွဲ ၁၂ နာရီ၊မိနစ် ၄၀ အချိန်ခန့်က နောင်ချိုမြိုနယ် အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဝါးဘိုးကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) မှ မနှင်းအိခိုင်(၁၂)နှစ် (သတ္တမတန်း) ပါ (၈) ဦး(ကျား ၁၊ မ ၇)မှာ လျှပ်စစ်စက်ကွင်းမိ၍ ထိတ်လန့်သတိလစ်(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မောင်ဝေယံဖြိုး(၁၁)နှစ် (ဆဋ္ဌမတန်း)ပါ ၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှပြန်ဆင်းခဲ့ကြောင်းနှင့် မနှင်းအိခိုင်ပါ မ (၃) ဦးမှာ ဆက်လက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တန့်ဆည်မြို့နယ်အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် အောင်စွာကျေးရွာ၌ နွား ၂ ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Comments
Post a Comment