ဖုန်းပြောပြီး ငိုယိုနေသည့် မိန်းကလေး အိမ်သာထဲ၌ ကြိုးဆွဲချ သေဆုံး



ဇွန်လ (၁၀)ရက်၊ည ၁၁ နာရီအချိန်ခန့်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်၊ သောင်ဖြူလမ်း နေ မစင်သီယာ(၂၅)နှစ်၊ (ဘ)ဦးသန်းရွှေ၊ ဗမာ/ဗုဒ္ဓ သည် အိမ်သားများ၏ပြောစကားအရ ဖုံးပြောရာမှငိုနေပြီး၊ အိမ်သာတက်ရာမှပြန်ထွက်မလာသဖြင့် အမဒေါ်ဖြူဖြူအေးမှ သွားရောက်ကြည့်ရှုရာ အရှည် ၅ပေ၊ လုံးပတ် တမူး ခန့်နိုင်လွန်ကြိုးဖြင့် အိမ်သာအပေါ်ထုတ်တန်း တွင် ချည်နှောင်ကာ ကြိုးဆွဲချလျှက်သေဆုံးနေကြောင်း သိရသည်။  
       
အခင်းဖြစ်ရာသို့ စခန်းမှူး ဒုရဲမှူးအောင်မိုး၊ တာဝန်မှူး ဒုရဲအုပ်ရာဇာမင်းတင်၊ နယ်ထိန်း ရဲတပ်ကြပ် နေလွင်စိုးတို့မှ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ ခြေထောက်နှင့်ကြမ်းပြင်ထိနေပြီး၊ လည်ပင်းတွင်ကြိုးဆွဲဒဏ်ရာ၊ခြေမ လက်မ ကောက်ကွေးလျှက်(ပြင်ပဒဏ်ရာမရှိ) သေဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် မှုခင်းဆေးစာဖြင့် ကော့သောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ဟုတ် သေမှုသေခင်းအမှတ် ၂၁/၂၀၁၉ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

Comments