"Be A Responsidie Citizen" ​ခေါင်းစဉ်​ဖြင့်​ ယာဉ်​အန္တရာယ်​ကင်း​စေရန်​ အသိပညာ​ပေးအစီအစဉ်​ပြုလုပ်​မည်


AHtin Ka Ya Co.Ltd အ​နေဖြင့်​ လာမည့်​ ဇွန်​လ ( ၁၀ ၊၁၁ ၊ ၁၂ ၊၂၄ ၊ ၂၅ ၊ ၂၆ ) ရက်​​နေ့များတွင်​ "Be A Responsidle Citizen"​ခေါင်းစဉ်​ဖြင့်​ လမ်းသွားလမ်းလာ ပြည်​သူများ ယာဉ်​အန္တရာယ်​ကင်းရှင်း​စေရန်​နှင့်​ ယာဉ်​​မောင်းသူများအ​နေဖြင့်​ ယာဉ်​စည်းကမ်း ၊လမ်းစည်းကမ်း လိုက်​နာ​စေရန်​ အသိပညာ​ပေးခြင်း အစီအစဉ်​များကို Mega Lifesciences Co. Ltd နှင့်​ ပူး​ပေါင်း​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ဇွန်​လ(၈)ရက်​​နေ့က ရန်​ကုန်​မြိုံ့ Orchid ဟိုတယ်​တွင်​ပြုလုပ်​ခဲ့​သော စာနယ်​ဇင်းရှင်းလင်းပွဲမှသိရသည်​။

အဆိုပါအစီအစဉ်​အား ရန်​ကုန်​မြို့ ရှိ ​ကျောက်​တံတားမြို့နယ်​၊လမ်းမ​တော်​မြို့နယ်​၊ စမ်း​ချောင်းမြို့နယ်​၊ ကမာရွတ်​မြို့နယ်​၊တာ​မွေမြို့ နယ်​များတွင်​ ဇွန်​လ(၁၀ ရက်​မှ ၁၂)ရက်​​နေ့အထိလည်း​ကောင်း၊ဲကြည့်​မြင်​တိုင်​မြို့နယ်​၊အလုံမြို့နယ်​၊အင်းစိန်​မြို့နယ်​၊ ​မြောက်​ဒဂုံမြို့နယ်​၊ ​မြောက်​ဥက္ကလာပမြို့နယ်​များတွင်​(၂၄ ရက်​မှ ၂၆) ရက်​​နေ့အထိလည်း​ကောင်း ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။
ယခုကဲ့သို့ ပြုလုပ်​ရသည့်​ရည်​ရွယ်​ချက်​မှာ- ၁။ လမ်းများ​ပေါ်တွင်​ ယာဉ်​အန္တရာယ်​ကင်းရှင်း​စေရန်​၊
၂။ ယာဉ်​​မောင်းသူများ ယာဉ်​စည်းကမ်းလိုက်​နာ​စေရန်​။

၃။ လမ်းအသုံးပြုသူများအား သတ်​မှတ်​ထား​သော လူကူးမျဉ်​ကြားများ၊ ဂုံး​ကျော်​တံတား​ပေါ်များမှ ဖြတ်​သန်းသွားလာ​စေရန်​၊
၎။ အများပြည်​သူများ ယာဉ်​အန္တရာယ်​ကင်းရှင်း​စေရန်​အတွက်​ပြုလုပ်​ခြင်းဖြစ်​​ကြောင်းသိရသည်​။



Comments