ဆွစ်ဇာလန်နိုင်ငံရှိ 5G FWA ဝန်ဆောင်မှုကနဦး သုံးစွဲသူများအတွက် Sunrise နှင့် Huawei တို့ပူးပေါင်းကြေညာချက်ထုတ်ပြန်


ဆွစ်ဇာလန်နိုင်ငံရှိ 5G ကနဦး သုံးစွဲသူများအတွက် Fixed Wireless Access (FWA) ဝန်ဆောင်မှုကို ပံ့ပိုးပေးရန် Surise မှကြေညာခဲ့​ကြောင်းသိရသည်​။
၎င်းမှာ 5G ကဏ္ဍတွင် Sunrise ၏ မှတ်တိုင်အသစ်တစ်ခုဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံရှိ တစ်ဉီးချင်း သုံးစွဲသူများနှင့် စီးပွားရေးအရသုံးစွဲသူများအတွက် 5G FWA ဝန်ဆောင်မှုကို ပထမဦးစွာ ပံ့ပိုးပေးမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် 5G စမတ်ဖုန်း နှင့် 5G HD IPTV ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်သွားရန် sunrise တွင်အစီအစဉ်ရှိသည်ဟုသိရသည်​။
Sunrise ၏ 5G FWA ဝန်ဆောင်မှုကိုအသုံးပြုခြင်းဖြင့် မိသားစုများ ၊အသေးစားနှင့်အလယ်အလတ်တန်းစားစီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများကို ရရှိအသုံးပြုနိုင်မည် ဖြစ်ပြီး ဖိုင်ဘာချိတ်ဆက်မှု အားဖြင့် အဟန့်အတားအနှောက်အယှက်မရှိဘဲ ဒစ်ဂျစ်တယ် ခေတ်သို့ ဝင်ရောက်နိုင်မည်လည်းဖြစ်သည်။ ၎င်းမှာ ဒေတာအချက်အလက်ပိတ်ဆို့မှုများ လျင်မြန်စွာ မြှင့်တက်လာခြင်းနှင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဒစ်ဂျစ်တယ် ခွဲခြားမှုများအတွက် Sunrise ၏ မဟာဗျူဟာဖြစ်သော “လူသားတို့အတွက် 5G” ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးသော ခြေလှမ်းတစ်ခုလည်းဖြစ်​​ကြောင်းသိရသည်​။

Comments