မန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ( အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ UAB Bank ၊ iGREEN Development နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပမည့် အတန်ဆုံးအိမ်ရာ အရောင်းပြပွဲကို ၂၀၁၉ခုနှစ် ၊ မေလ ( ၁၈ ၊ ၁၉ ) ၊ ( စနေ ၊ တနင်္ဂနွေ ) ရက်များတွင် ဓမ္မစေတီလမ်း နှင့် လင့်(ခ်)လမ်းထောင့် ၊ ဗဟန်း ၊ ရန်ကုန်မြို့ရှိ UAB Premier Lounge (Time Link Mall) တွင် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါအိမ်ရာအရောင်းပြပွဲတွင် စမ်းချောင်း ၊ အင်းစိန် ၊ ကမာရွတ် ၊ မရမ်းကုန်း ၊ လှိုင် ၊ ရန်ကင်း ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆောက်လုပ်ပြီး ကွန်ဒို ၊ တိုက်ခန်း ၊ လုံးချင်းအိမ်များ ကို ၁ စတုရန်းပေ ၅ သောင်းကျပ် မှစတင်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး UAB Bank နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုအခမဲ့ နှစ်ရှည်အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည့်အပြင် Developer နှင့်တိုက်ရိုက်ချိတ်ဆက်ပြီး လပေါင်း (၅၀) အထိ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအရောင်းပြပွဲတွင် လှိုင်အဆင့်မြင့်ကွန်ဒို ၊ G4 Mini Condo ၊ လှိုင်အဆင့်မြင့်တိုက်ခန်း ၊ ဘက်စုံသုံးမြေကွက် ၊ Royal Thukha Condominium ၊ 71 Yadanar ၊ စိမ်းလဲ့အောင်ကွန်ဒို ၊ 4 Strand Mini Condo ၊ UBC Condo ၊ 27 West Avenue ၊ 123 Parami Mini ဃondo ၊ အောင်သစ္စာအိမ်ရာ အစရှိတဲ့ တိုက်ခန်း ၊ ကွန်ဒိုနဲ့ လုံးချင်းအိမ်ရာတွေကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဒီအရောင်းပြပွဲမှာ ဝယ်ယူသူများက လပေါင်း (၅၀) အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်တဲ့အပြင် UAB Bank နဲ့ ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဝန်ဆောင်မှု အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ ၁ စတုရန်းပေ ၅သောင်းကျပ်မှ စတင်ဝယ်ယူနိုင်မှာဖြစ်လို့ အလွန်တန်တဲ့ဈေးနှုန်းများနဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် ပြပွဲကို ဆက်ဆက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူဦးနေမင်းသူမှ ပြောကြားသွားသည်။

Comments
Post a Comment