TOYOTA Vios ကားသစ်များ၊ ရွှေပြားဆုများနှင့် အခြားအံ့အားသင့်ဖွယ် တယ်လီကွန်းဆုများ ကံထူးနိုင်စေမည့် “ပေါက် ပေါက် ပေါက်” ကံစမ်းမဲအစီအစဉ်သစ်ကို MPT က မိတ်ဆက်


MPT အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ဖြည့်သွင်း လိုက်ရုံဖြင့် TOYOTA Vios ကားသစ် ၂ စီး၊ ၅ ကျပ်သားရွှေပြားဆု ၁၄ ခု၊ ကျပ်သိန်းပေါင်း ၄၀,၀၀၀ တန်ဖိုးရှိ တယ်လီကွန်းဆုများကို ကံထူးနိုင်မည့် ကံစမ်းမဲအစီအစဉ်အသစ်ဖြစ်သည့် “ပေါက် ပေါက် ပေါက်” အစီအစဉ်အား စတင်လိုက်ပြီ ဖြစ်​ကြောင်းသိရသည်​။

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့အထိ MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအနေဖြင့် ကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း အဆိုပါ “ပေါက် ပေါက် ပေါက်” ကံစမ်းမဲအစီအစဉ်သစ်တွင် ပါဝင်ခွင့်ရနိုင်မည်ဖြစ်ပြီး နေ့စဉ်ဆုများ အဖြစ် ဖုန်းဘေလ်များ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ်များ၊ MPT အချင်းချင်းပေးပို့နိုင်သည့် SMS များ၊ Data များနှင့်  ထောဘီဖုန်းဘေလ်များကို  ချက်ချင်းကံထူးခွင့်ရရှိနိုင်မည် ဖြစ်သည်​ဟုသိရသည်​။

ထို့အပြင် ဖုန်းဘေလ်ဖြည့်သွင်းမှုပမာဏအလိုက် အပတ်စဉ် ၅ ကျပ်သား ရွှေပြားဆုကံစမ်းခွင့်များ၊ အထူးဆု TOYOTA Vios ကားသစ်ကြီး ကံစမ်းခွင့်များ ရရှိသွားမည် ဖြစ်ပြီး
MPT အသုံးပြုသူများအနေဖြင့် ဖြည့်သွင်းသည့်  ဖုန်းဘေလ်ပမာဏအလိုက် ရရှိလာမည့် ကံစမ်းခွင့် အခွင့်အရေးများ(Chance)မှာ အောက်ပါအတိုင်း ဖြစ်သည်။
ဖြည့်သွင်းသည့် ဖုန်းဘေလ် ပမာဏ
(ကျပ်)
အပတ်စဉ်ဆုများနှင့် အထူးဆုကြီးများအတွက် ကံစမ်းခွင့်
    ၁,၀၀၀ - ၁,၉၉၉ ကျပ်
ကံစမ်းခွင့် Chance (၁) ခု
   ၂,၀၀၀ - ၂,၉၉၉ ကျပ်
ကံစမ်းခွင့် Chance (၂) ခု
    ၃,၀၀၀ - ၄,၉၉၉ ကျပ်
ကံစမ်းခွင့် Chance (၅) ခု
    ၅,၀၀၀ - ၉,၉၉၉ ကျပ်
ကံစမ်းခွင့် Chance (၁၀) ခု
   ကျပ် ၁၀,၀၀၀ နှင့်အထက်
ကံစမ်းခွင့် Chance (၂၀) ခု
အသုံးပြုသူများအနေဖြင့် ဖုန်းဘေလ် ပိုမိုဖြည့်သွင်းခြင်းဖြင့် ကံစမ်းခွင့်(Chance)များ ပိုမိုရရှိမည် ဟုသိရသည်​။
MPT အနေဖြင့် အပတ်စဉ်တိုင်း ၅ ကျပ်သားစီရှိသည့် ရွှေဆုမဲ(၂) ခုအတွက် ကံထူးသူ ၂ ဦးကို ရွေးချယ် ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါရွှေဆုများအပြင် အထူးဆုကြီး ဖြစ်သည့်  TOYOTA Vios ကားသစ်ကြီး(၂)စီး၏ ကံထူးရှင်များကိုလည်း ဇွန်လ ၁၄ ရက်နှင့် ဇူလိုင်လ ၁၅ ရက်တို့တွင် အသီးသီးရွေးချယ်ပေးသွားမည် ဖြစ်​ကြောင်းသိရသည်​။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “ကျွန်တော်တို့အနေနဲ့ MPT ကို အစဉ်တစိုက် အသုံးပြုတဲ့သုံးစွဲသူတွေအပေါ် ဆုတွေ ပြန်လည် ပေးအပ် နိုင်ဖို့ ဆောင်ရွက်လိုတာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်အဖြစ်  “ပေါက် ပေါက် ပေါက်” ကံစမ်းမဲ အစီအစဉ်ကို စတင်ပြီး ဆုလက်ဆောင်တွေ အများကြီးပေးအပ်ရင် ကောင်းမယ်လို့ စဉ်းစားမိခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ကံစမ်းမဲအစီအစဉ်ကို အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီး လူတိုင်းပါဝင်နိုင်တဲ့ အစီအစဉ်ဖြစ်အောင် ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ MPT ကို အသုံးပြုသူတိုင်း ဒီပရိုမိုးရှင်း အစီအစဉ်မှာပါဝင်ပြီး MPT သုံးစွဲသူများကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” ဟု ပြောကြားခဲ့သည်။

Comments