TOSHIBA အိမ်အသုံးအဆောင်ပစ္စည်းများအတွက် အထူးဖြန့်ချိသူတစ်ဦး ဖြစ်သည့် VSK International ကုမ္ပဏီလီမိတက်က TOSHIBA ပစ္စည်းဝယ်ယူသုံးစွဲသူများအတွက် TOSHIBA၏ ပြန်လည်ဆန်းသစ်ထားသည့် ကတိကဝတ်တစ်ခု ကို ယနေ့ တရားဝင် စတင်မိတ်ဆက်လိုက်သည်။
ယင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က Wyndham Grand Yangon ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး VSK International၊ အရောင်းမြှင့်တင်ရေးဌာန၏ အကြီးအကဲဖြစ်သူ ဦးအောင်နိုင်ဦး၊ Midea Group ၏ အာဆီယံဒေသတွင်း အရောင်မြှင့်တင်ရေး နှင့် ဈေးကွက်ဖော်ဆောင်မှု ဒါရိုက်တာ Mr. Henry Hai နှင့် TOSHIBA Lifestyle ထုတ်ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု လုပ်ငန်းကော်ပိုရေးရှင်း ၏ အထွေထွေမန်နေဂျာ Mr. Masahiro Kitahara တို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
VSK မှ တရားဝင်ဖြန့်ဖြူးရောင်းချနေသည့် TOSHIBA ထုတ်ကုန်များသည် ပြန်လည်ဆန်းသစ်ထားသော ကတိကဝတ်နှင့်အတူ သုံးစွဲသူများ အဆင်ပြေချောမွေ့ လွယ်ကူသော ဘဝနေထိုင်မှုရရှိစေရေးကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် အဆင့်မြင့်နည်းပညာများဖြင့် ဒီဇိုင်းထွင်ပုံဖော်ထားခြင်းဖြစ်သည်ဟုသိရသည်။
“No Drama” ဆိုသည်မှာ VSK မှ TOSHIBA သုံးစွဲသူ များအပေါ်ထားရှိသော ကတိက၀တ်ကို ကိုယ်စားပြုပြီးလုပ်ဆောင်မှု တိကျကောင်းမွန်ခြင်း။ ဆန်းသစ်တီထွင်ထားခြင်းတို့သာမက အရည်အသွေးမပြည့် သော အိမ်သုံးပစ္စည်းများကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ညစ်စရာ စိတ်ရှုပ်စရာ (drama) များ မဖြစ်လာစေဖို့အတွက် ပြင်ဆင်လဲလှယ်နိုင်ခွင့် အာမခံအပြည့်ပေးခြင်း၊ After-sales service ၀န်ဆောင်မှုများ ပေးခြင်းစသည့် ထူးခြားကောင်းမွန်သည့် အစီအစဉ်များကို ယင်းကတိကဝတ် အသစ်က သယ်ဆောင်လာမည်ဖြစ်သည်ဟုသိရသည်။
ဦးအောင်နိုင်ဦးက “အထူးဖြန့်ချိသူတစ်ဦးအနေနဲ့ ကျွန်တော်တို့ တင်သွင်းရောင်းချပေးနေတဲ့ TOSHIBA ပစ္စည်းတွေဟာ သုံးစွဲသူတွေအတွက် ဘယ်လိုစိုးရိမ်ပူပန်မှုမျိုး စိတ်ရှုပ်စရာမျိုးတွေမှ မရှိစေဘဲ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူတူ သက်တောင့်သက်တာ အဆင်ပြေပြေနဲ့ အချိန်တွေကုန်ဆုံးနိုင်တယ်ဆိုတာကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် ကျွန်တော်တို့ တကယ်ကိုဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီ“No Drama” က VSK ရဲ့ ရပ်တည်ချက်ကို ပြောပြပေးနိုင်တဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ အစွမ်းထက် ကတိကဝတ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် စိတ်ဖိစီးမှုတွေကင်းဝေးပြီး မျှော်လင့်ချက် ရည်မှန်းချက်တွေ ပြည့်ဝတဲ့ လူနေမှုပုံစံကို ဖန်တီးပေးသွားနိုင်ဖို့ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တာဝန်သိမှု တာဝန်ခံမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ပစ္စည်းကိုဝယ်ယူသုံးစွဲသူတွေနဲ့ လုပ်ငန်းမိတ်ဖက်တွေအတွက် ဒီကတိကဝတ်ကို စောင့်ထိန်းဖို့အတွက် ကျွန်တော်တို့အမြဲတမ်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။
Comments
Post a Comment