Shwe Stream ဝန်ဆောင်မှုတွင် အသစ်ထပ်မံထည့်သွင်းလိုက်သည့် မြန်​မာရုပ်​ရှင်​ဇာတ်​ကားများနှင့် ကိုရီးယားဇာတ်လမ်းတွဲများကို သက်​​သာ​သော နေ့စဉ်ဝန်ဆောင်မှု နှုန်းထားဖြင့် ရယူနိုင်


မြန်မာ့ ဆက်​သွယ်​​ရေး  အော်ပရေတာ   MPT က eTrade Myanmar ကုမ္ပဏီလီမိတက် နှင့် ပူးပေါင်း၍ Shwe Stream ဝန်ဆောင်မှုတွင် ပိုမိုဆန်းသစ်သော ကဏ္ဍအသစ်များကို ထည့်သွင်းမိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်​ကြောင်းသိရသည်​။

Shwe Stream ဝန်ဆောင်မှုသည် ရုပ်​သံဗွီဒီယိုများကို အွန်​လိုင်း​ပေါ်မှ ကြည့်ရှုနိုင်သော   ဝန်ဆောင်မှု ဖြစ်ပြီး  အဆိုပါ ဝန်ဆောင်မှုတွင် မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ မြန်မာဗွီဒီယိုဇာတ်လမ်းများနှင့် မြန်မာစာတန်းထိုး ကိုရီးယား ဇာတ်လမ်းတွဲများကို Shwe Stream အက်ပလီကေးရှင်းနှင့် ဝက်ဘ်ပေါ်တယ်ဖြစ်သည့်  www.shwestream.com.mm တို့တွင် ကြည့်ရှုနိုင်မည် ဟုသိရသည်​။

MPT-KGSM Joint Operation၏ Chief Commercial Officer ဖြစ်​သူ Mr. Reizo Umedaက " MPT အ​နေနဲ့ သုံးစွဲသူ​တွေအတွက်​ အသစ်​အသစ်​​သော အရာ​တွေကို ​ခေတ်​​ရေစီး​ကြောင်းအလိုက်​ အမြဲတမ်း ဖန်​တီး​ဆောင်ရွက်ပေးနေပါတယ်​။ Shwe Stream ဝန်ဆောင်​မှုကလည်း မြန်မာပရိသတ်တွေနှစ်​သက်​မယ့် မြန်​မာ့ရုပ်​ရှင်​၊ ဗွီဒီယို​တွေနဲ့အတူ ကိုရီးယား ဇာတ်လမ်းတွဲ​တွေ အားလုံးကိုစု​ပေါင်းပြီး သက်​သာတဲ့ နှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၉၉ကျပ်​နဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့ အလျင်မြန်ဆုံး ကွန်ရက်နဲ့ အတူ မြန်မာ့ရုပ်ရှင် ယဉ်ကျေးမှုကို နိုင်ငံအဝှမ်းက ပရိသတ်တွေအားလုံးကို ပိုပြီးနီးစပ်အောင် ထပ်မံပြီး အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်" ဟု ပြောကြားခဲ့ပါသည်။

Shwe Stream ဝန်ဆောင်မှုကို ရယူထားသူများအနေဖြင့်လည်း ပရိုမိုးရှင်းကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်မှ သြဂုတ်လတ် ၃၁ ရက်နေ့အတွင်း ​ (၁) ကျပ်သားရှိ ရွှေဒင်္ဂါး ပြား (၃)  ပြား နှင့်​ ၃,၀၀၀ကျပ်​တန်​ MPT ​ငွေဖြည့်​ကတ်​​ ၁၅၀ ကတ် တို့အား ကံထူးဆုအဖြစ် ရယူနိုင်​မည့်​အခွင့်​အ​ရေးများ ရရှိမည် ဖြစ်​​ကြောင်းသိရသည်​။

တစ်လလျှင် ကံထူးဆုအဖြစ် ရွှေဒင်္ဂါးပြား (၁) ပြားနှင့် MPT ​ငွေဖြည့်​ကတ်​​ ၅၀ ကတ် တို့ကို ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ပရိုမိုးရှင်းကာလအဖြစ်  ၂၀၁၉ ခုနှစ် မတ်​လ ၃၁ ရက်မှ ဇွန်လ ၃၀ရက်အထိ၊ ဒုတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်  ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နှင့် တတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထား​ကြောင်းသိရသည်​။

Comments