မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ထုတ်လုပ်သည့် SC Neustar ဘတ်(စ်)ကားသစ် မိတ်ဆက်ပွဲ ပြုလုပ် ======================================


မေ ၂၈ ရက်  SC Auto ၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ထုတ်လုပ်သည့် SC Neustar ဘတ်(စ်)ကားသစ် မိတ်ဆက်ပွဲကို ယနေ့၊ နံနက်(၁၀)နာရီတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်စက်မှုဇုန်၌ ပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။  

 ပြည်ထောင်စု ၀န်ကြီးက မြန်မာနိုင်ငံကို စီးပွား ဖွံ့ဖြိုးဖို့ ဆောင်ရွက်နေသည့် အခါမှာ နည်းပညာများ လိုအပ်ကြောင်း၊ နောက်ပြီး ပံ့ပိုးပေးမည့် ကုမ္ပဏီကြီးများ၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် အခါမှာ ပြည်တွင်းရော ပြည်ပရော နှစ်ဘက်လုံးက ရင်းနှီးမြှုပ်နှံပြီိး အားပေး အားမြောက်လုပ်မှ သာလျှင် မိမိတို့ နိုင်ငံသည် အများပြည်သူ မျှော်မှန်းနေသည့် သာယာဝပြောသောနိုင်ငံ၊ ဖွံ့ဖြိုးသောနိုင်ငံ ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဒါကြောင့်  SC Auto လုပ်ငန်းကို ကြိုဆိုပါတယ်လို့ ပြောကြားလိုပါကြောင်း ပြောသည်။ 




 ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ယခုလို ပူးပေါင်းဆောင် ရွက်နိုင်ခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ကြောင်း​ပြောကြားခဲ့သည်​။

Comments