ဆက်​သွယ်​​ရေး အော်ပရေတာ ဖြစ်သည့် Mytel တစ်နှစ်တာပြည့်မြောက်သွားသည့် အထိမ်းအမှတ်အနေဖြင့် ကံစမ်းမဲအစီအစဉ်အသစ် တစ်ခုအား စတင်မိတ်ဆက်


အစီအစဉ်တွင် Suzuki GLX ကားအသစ် (၆) စီးကို ပေးအပ်သွားမည်ဖြစ်ပြီး Samsung Smart TV များ၊ Mytel FTTH ၊ Apple Airpods များ နှင့် အခြားမြောက်များစွာသော ဒေတာလက်ဆောင်များကိုပါ ထည့်သွင်း ပေးအပ်သွားမည်  ဖြစ်​ကြောင်းသိရသည်​။

သုံးစွဲသူများသည် ယခု အစီအစဉ်တွင် လစဉ်သုံး ဒေတာ pack ( ၁၁၁ ကျပ်မှစ၍) ဝယ်ယူခြင်းဖြင့် ကံစမ်းမဲ ကုဒ်နံပါတ်တစ်ခု ရရှိမှာဖြစ်ပြီး အစီအစဉ်သို့ ဝင်ရောက်ဆင်နွှဲနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်  100 MB ၊ 1 GB ၊ 10 GB  နှင့်  100 GB တို့ကို နေ့စဉ်ရရှိနိုင်မည့် အခွင့်အရေး တို့ကို ရရှိနိုင်မည်ဖြစ်ပြီး ပရိုမိုရှင်း ကာလမှာ၂၀၁၉  မေ ၂၆ ရက်မှစ၍ ဇူလိုင် ၃၁ ရက်နေ့အထိ ဖြစ်​ကြောင်းသိရသည်​။

Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ “ဒီလို တစ်နှစ်ပြည့် အထိမ်းအမှတ် ကံစမ်းမဲ အစီအစဉ်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Mytel ကို တစ်နှစ်ပတ်လုံး ယုံယုံကြည်ကြည် အသုံးပြုလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံပြန်ပေးချင်လို့ပဲ ဖြစ်ပါတယ်။ အခု ပရိုမိုးရှင်း အစီအစဉ်သစ်မှာ Mytel သုံးစွဲသူများအားလုံး ရင်ခုန်စွာပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပရိုမိုရှင်း အစီအစဉ်အသစ်တွေ၊ ဝန်ဆောင်မှုအသစ်တွေကို ဆက်တိုက်မိတ်ဆက်ပေးနိုင်တဲ့အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။  နောက်လည်း ပိုပြီး ရင်ခုန်စရာကောင်းတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေကို  ပြုလုပ်သွားမှာ  ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Comments