တယ်လီနောမြန်မာ၏ Myanmar's widest and Best Data Network နှင့် ပတ်သက်၍ ပညာရှင်များ ရှင်းလင်းပြောကြား


တယ်လီနောမြန်မာ၏ Myanmar's widest and Best Data Network နှင့်ပတ်သက်၍ ရှင်းလင်းပွဲကို မေလ (၂၉)ရက် ညနေ ၂ နာရီခွဲက ရန်ကုန်မြို့ရှိ၊ ဆူးလေစကွဲ၊ တယ်လီနောမြန်မာရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် တယ်လီနောမြန်မာ၏ CEO ဖြစ်သူ Mr.Sharad Mehrotra က မြန်မာနိုင်ငံ ဟာကွန်ရက်အရည်အသွေးပိုင်းဆိုင်ရာမှာ ထိပ်တန်းဈေးကွက်တစ်ခုအဖြစ် အခုအချိန်မှာ ရပ်တည်နေ နိုင်ပြီဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့တိုင်းတာမှုတွေကို ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ အမြန်ဆုံးဒေတာအမြန်နှုန်းနဲ့ အင်တာနက်ကိုအသုံးပြုနိုင်နေပြီဖြစ်ကာ ရန်ကုန်မြို့ဟာလည်း အာရှတိုက်ရဲ့အကောင်းမွန်ဆုံးအရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ထိပ်တန်းမြို့ ကြီးတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

တယ်လီနောမြန်မာအနေဖြင့် နိုင်ငံအတွင်းမြို့နယ်ပေါင်း (၃၀၈)မြို့တွင် 4G LTE ဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ (၉၂)ရာခိုင်နှုန်းကို ကွန်ယက်လွှမ်းခြုံနိုင်ခဲ့သည်။ တာဝါတိုင်ပေါင်း (၈၆၀၀)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကာ အမျိုးသားအဝေးပြေးလမ်းမ ကြီးတစ်လျှောက်တွင် ကွန်ရက်၏ (၇၄)ရာခိုင်နှုန်းလွှမ်းခြုံနိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။


ထို့ပြင် လက်ရှိတွင် တယ်လီနောအသုံးပြုသူ (၁၈)သန်းရှိကာ ဆိုင်ခွဲပေါင်း (၁၀၀၀၀၀)ကျော်က အသုံးပြုသူများအဆင်ပြေစေရန် ဖြန့်ဖြူးပေးလျက်ရှိပြီး တယ်လီနောမြန်မာ၏ ကောက်ယူထားသည့် စာရင်းများအရ Smart Phone အသုံးပြုသူ (၈၂)ရာခိုင်နှုန်း အသုံးပြုလျက်ရှိကြောင်းတယ်လီနော မြန်မာက အလုပ်အကိုင် (၈၀၀)ကျော်ဖန်တီးပေးလျက်ရှိကာ ပြည်တွင်းမှလုပ်သားအင်အား (၉၁) ရာခိုင်နှုန်း ခန့်ထားဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး (၄၀)ရာခိုင်နှုန်းခန့်ထားပြီး (၃၀)ရာခိုင်နှုန်းမှာ ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆောင်ရွက်လျက်ရှိကြောင်း တယ်လီနောအနေဖြင့် 4G LTE+ ကို ယခု ထက်ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း တယ်လီနောမြန်မာမှ သိရသည်။             

Comments