မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်သည့် MYANMAR ROBOLEAGUE အား ဇွန်လ ၁ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် သိမ်ဖြူအားကစားကွင်း၌ ကျင်းပသွားမည်



မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သော Myanmar RoboLeague ကို ဇွန်လ ၁ရက်နေ့ ၂၀၁၉ တွင် ရန်ကုန်မြို့၊ သိမ်ဖြူမိုးလုံလေလုံကွင်း၌ ကျင်းပသွားမည်။

အဆိုပါပွဲကို USAID မှ အဓိကပံ့ပိုးပြီး ဖန်တီးရာမှဦးစီးကာ ပညာရေးဝန်ကြီးဌာန၊  မြန်မာနိုင်ငံပါမောက္ခအသင်းတို့နှင့်အတူ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ နိုင်ငံရှိကျောင်းသားကျောင်းသူများအကြား စက်ရုပ်ဆောက်ခြင်းနှင့် STEM ပညာရပ် ( Science - သိပ္ပံပညာ, Technology - နည်းပညာ, Engineering - အင်ဂျင်နီယာပညာရပ် and Mathematics - သင်္ချာပညာရပ်) တိုးတက်ပြန့်ပွားရန် ရည်ရွယ်​​ကြောင်းသိရသည်
။

ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအားရွေးချယ်ရာတွင်
Math နှင့် Logic၊ Physics နှင့် Mechanics၊ Electronics၊ Programing၊ IQ Test နှင့် Situational Test အစရှိတဲ့ ဘာသာရပ်၅ခုပါဝင်သော ၉၀မိနစ်စာ အွန်လိုင်းမေးခွန်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းတစ်ခုစီအတွက် ကိုယ်စားပြု တက္ကသိုလ်တစ်ခုစီ၊ စုစုပေါင်း တက္ကသိုလ် ၁၃ ခုရွေးချယ်ခဲ့ပြီး ချင်းပြည်နယ်ကိုယ်စားပြု အသင်းအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ တက္ကသိုလ်များတွင် တက်ရောက်နေသော ချင်းတိုင်းရင်းသားများပါဝင်သည့် အသင်းက ကိုယ်စားပြုပါဝင်သွားမည်ဖြစ်သည်။ Myanmar RoboLeague တွင် ပါဝင်ယှဉ်ပြိုင်မည့် တိုင်း/ပြည်နယ်ကိုယ်စားပြု တက္ကသိုလ်များစာရင်းမှာ -
ပြည်နယ်/တိုင်း
ကိုယ်စားပြုတက္ကသိုလ်များ
ဧရာဝတီ
ကွန်ပြူတာ တက္ကသိုလ် (ပုသိမ်)
ပဲခူး
ပြည်နည်းပညာတက္ကသိုလ်
ချင်း
နည်းပညာတက္ကသိုလ်(သန်လျင်) နည်းပညာတက္ကသိုလ်
  (တောင်ကြီး) ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
ကချင်
ကွန်ပြူတာတက္ကသိုလ် (ဗန်းမော်)
ကယား
ကွန်ပြူတာ တက္ကသိုလ် (လွိုင်ကော်)
ကရင်
ကွန်ပြူတာ တက္ကသိုလ်(ဘားအံ)
မကွေး
နည်းပညာ တက္ကသိုလ် (ပခုက္ကူ)
မန္တလေး
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
မွန်
ကွန်ပျူတာ တက္ကသိုလ် (သထုံ)
ရခိုင်
ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ)
စစ်ကိုင်း
နည်းပညာတက္ကသိုလ်(မုံရွာ)
ရှမ်း
ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး)
တနင်္သာရီ
နည်းပညာတက္ကသိုလ်(မြိတ်)
ရန်ကုန်
ရန်ကုန်နည်းပညာတက္ကသိုလ်
တို့ဖြစ်​​ကြောင်းသိရသည်​။
အဆိုပါပြိုင်ပွဲအား မနက်
၁၀နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အသင်း ၁၄ မှ ပွဲစဉ် ၇ပွဲ
ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းများမှ ပွဲစဉ်
၎ခုထပ်မံယှဉ်ပြိုင်ရမည်ဖြစ်၍ စုစုပေါင်း ၅နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ပြိုင်ပွဲအား
မည်သူမဆိုစာရင်းပေးကာ လာရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်းလက်မှတ်များကို Myanmar RoboLeague နှင့် ဖန်တီးရာ Facebook Page တွင် သွားရောက်ထုတ်ယူနိုင်ပြီဖြစ်​​ကြောင်းသိရသည်​။

Comments