ရွာပုလဲကျေးရွာအတွက် စက်ရေတွင်းတူးပြီ သောက်သုံး ​ရေ MPT မှ လှူဒါန်း


MPT မှ ရွာပုလဲကျေးရွာအတွက် စက်ရေတွင်းလှူဒါန်းမှု ပြုလုပ်ခဲ့သည်။ "MPT က သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ရွာပုလဲကျေးရွာမှ လူဦးရေတစ်ထောင်ကျော်အတွက် မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်ဖြစ်သည့် စက်ရေတွင်းကို လွှဲပြောင်း လှူဒါန်း" ခဲ့သည် ။သောက်သုံးရေနဲ့အတူ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။" ဟု ပြောကြားခဲ့သည်။





MPT အနေဖြင့် ရေအရင်းအမြစ်ရရှိရေးဟာ နေ့စဉ်ရင်ဆိုင်ရတဲ့ အခက်အခဲသည်။ သန့်ရှင်းပြည့်ဖြိုး  ရေအကျိုးအစီအစဉ် ဖြင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း စက်ရေတွင်းများနှင့် ရေ ကန်ပေါင်း (၃၀) ကို မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ရေရှားပါးသည့်ဒေသများတွင် လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး၊ ဒေသခံပေါင်း ၄,၇၀၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေ ရေအရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ခဲ့ ပြီး

MPT အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် ပင်မထောက်တိုင်သုံးခုအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး  မျိုးဆက်သစ်လူငယ်များအတွက် ဦးတည်ကာ မြန်မာနိုင်ငံအားရှေ့သို့ တိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင် ရေအရင်းအမြစ်ရရှိမှုသည် ပြဿနာတစ်ရပ်အနေဖြင့်ဆက်လက်ည်ရှိနေပြီး၊အထူးသဖြင့် ရာသီဥတု ပူပြင်း ခြောက်သွေ့သည့်ကာလတွင် ရေရရှိနိုင်ရန် ခက်ခဲလျက်ရှိသည့် ဒေသများ အများအပြား ရှိနေသည်ကို MPT အနေဖြင့် သိရှိထားသည်။ထို့အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြင့်  ဒေသခံများအနေဖြင့် အကျိုးကျေးဇူးများရရှိရန်လုပ်ဆောင်နေခြင်းဖြစ်​​ကြောင်းသိရသည်​။

Comments