ဂျပန်နိုင်ငံ၏ နာမည်ကျော် Ippudo Ramen ဆိုင်ခွဲ မြန်မာပြည်တွင် လာရောက်ဖွင့်လှစ်


အရှေ့တောင်အာရှတွင် သာမက ကမ္ဘာတစ်ဝန်းတွင် ဖွင့်လှစ်ရောင်း ချနေသည့် ဂျပန်နိုင်ငံ၏ နာမည်ကျော် Ippudo Ramen ဆိုင်ကို မြန်မာပြည်တွင် ၂၀၁ဆိုင်မြောက် ဆိုင်ခွဲအဖြစ် ရန်ကုန်မြို့ Crystal Tower ( Junction Square ) တွင် မေ ၁၈ရက် ညနေပိုင်းက ဖွင့်လှစ်လိုက်ပြီဖြစ်သည်။  




၁၉၈၅ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံ Daimyo ခရိုင်၊ Fukuoka တွင် ဖွင့်လှစ်ရောင်းချခဲ့သည့် Ippudo Ramen သည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၂၀ကျော် အထိ ကိုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“Ippudo ကကမ္ဘာ့အရပ်ရပ်မှာ နာမည်ကြီးသား ဆိုင်တစ်ဆိုင်ဖြစ်တော့ မြန်မာပြည်မှာလည်း ဒီ Brand ကို မိတ်ဆက်ပေးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ။ ဒီဆိုင်ကတော့ ကမ္ဘာအရပ်ရပ်မှာဖွင့်လှစ်တဲ့ ဆိုင်ခွဲ တွေအနက်က ၂၀၁ ဆိုင်မြောက် ဖွင့်လှစ်တာပါ။ကျွန်မတို့ ဆိုင်ဖွင့်ခြင်း အထိမ်းအမှတ်အနေနဲ့ မေ ၁၈ရက်နဲ့ မေ ၁၉ရက် မှာ ပထမဦးဆုံးရောက်တဲ့ လူဦးရေ အယောက် ၁၀၀ကို Free ကျွေးမွေးသွားမှာပါ။ ပရိုမိုးရှင်း အနေနဲ့ ၅၀ရာခိုင်င်္နှုန်း Dissocunt  ကို မေ ၂၀ရက်ကနေစပြီး ၂၄ရက်နေ့အထိ ပေးထားပါတယ်။ ဒါ့အပြင် ဆိုင်နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာ ပြိုင်ပွဲလေးတွေကိုလည်း အွန်လိုင်းကနေဖြေဆိုနိုင်မယ့် ပြိုင်ပွဲလေးတွေလည်း စီစဉ်ပေးထားပါတယ်။ အနိုင်ရတဲ့သူတွေကိုလည်း အခမဲ့စားသုံးခွင့် ဘောင်ချာလေးတွေ ပေးထားတာမျိုးတွေ စီစဉ်ထားပါသေးတယ်။ ”ဟု Singapore Myanmar Investco Co Ltd ၏ Deputy General Manager  ဒေါ်ခင်သီတာစိုး (Scarlet ) က ပြောသည်။ 

အဆိုပါ ဂျပန်နိုင်ငံ၏ နာမည်ကျော် Ippudo Ramen မြန်မာပြည်ဆိုင်ခွဲ တွင် ဂျပန်နာမည် ကျော် အစားအစားများဖြစ်သည့် Shiromaru ၊ Akamaru ၊ Karakamen အစရှိသည့် အစားအစာများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Comments