Huawei အနေဖြင့် အမေရိကန်စက်မှုနှင့်လုံခြုံရေးဌာန နှင့် ကုန်သွယ်မှုဌာနမှ ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်အပေါ်လက်မခံနိုင်ဟုသတင်းထုတ်​ပြန်

ယခုဆုံးဖြတ်ချက်သည် မည်သူတစ်ဦးတစ်ယောက်အတွက်မှအကျိုးကျေးဇူးမရှိပါ။ ယင်းဆုံးဖြတ်ချက်ကြောင့် Huawei နှင့်စီးပွားရေးလုပ်နေသည့် အမေရိကန်ကုမ္ပဏီများ၏စီးပွားရေးအပေါ်ကြီးမားသည့်ထိခိုက်မှုဖြစ်စေပြီး အမေရိကန်ရှိသိန်းချီသည့်အလုပ်အကိုင်များအပေါ်ရိုက်ခတ်မှုရှိကာ လည်ပတ်နေသည့်ကမ္ဘာ့သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းစဉ်အတွင်းလက်ရှိပူးပေါင်းလုပ်ဆောင်နေမှုများနှင့် အချင်းအချင်းယုံကြည်မှုများကို ထိခိုက်ပျက်စီးစေပါလိမ့်မည်။

·          ယခုကိစ္စကိုချက်ခြင်းကုစားနိုင်ရန် Huawei အနေဖြင့် အဖြေတစ်ခုထုတ်မည်ဖြစ်ပါသည်။ ယခုဖြစ်ရပ်ကြောင့် သက်ရောက်မှုအကျိုးဆက်နည်းပါးအောင်လည်း Huawei အနေဖြင့်ကြိုတင်ကာ အားထုတ်ကြိုးစားသွားမည်ဖြစ်ေ​ကြာင်းသိရသည်​။



Comments