Honor 20 နှင့် Honor 20 Pro ကို ဈေးကွက်တွင်း မကြာမီ မိတ်ဆက်သွားမည်


Honor မှ အသစ်ထွက်ရှိလာမည့် flagship level စမတ်ဖုန်းအသစ်ကို လန်ဒန်မြို့တွင် လာမည့် မေလ ၂၁ ရက် နေ့တွင် ခန့်မှန်းချေ ဒေါ်လာ ၅၅၀ တန်ဖိုးဖြင့် စတင်မိတ်ဆက်ပေးသွားတော့မည်ဖြစ်သည်။ Honor အနေဖြင့် Honor 20 မျိုးဆက် ၃ မျိုးဖြစ်သော Honor 20i ၊ Honor 20 နှင့် Honor 20 Pro တို့ကို ယခုနှစ်ထဲတွင် မိတ်ဆက်ပေးသွားမည်ဟု ကြေညာထားခဲ့ပြီး​ကြောင်းသိရသည်​။

မတူညီသောဈေးနှုန်းအစားစားဖြင့် ထွက်ရှိလာမည့် ဖုန်းများကို မတူညီသော ဈေးကွက်များသို့ ဦးတည်ရောင်းချ သွားဖွယ်ရှိနေပြီး ဈေးနှုန်းအားဖြင့်သက်သာသော “i” version၊ သာမန်အသုံးပြုလိုသူများအတွက် Honor 20 နှင့် ပိုမိုပြည့်စုံသော function များပါဝင်မည့် Pro version စသည်ဖြင့် ခွဲခြားသွားမည်ဖြစ်သည်။ အတည်ပြုချက်များ အတိအကျမရရှိသေးသော်လည်း ယခုထွက်ရှိလာမည့် Honor 20 မျိုးဆက်များသည် Huawei P30 စမတ်ဖုန်းများ၏ စက်ပစ္စည်းနှင့်လုပ်ဆောင်ရည်များကို ယှဉ်ပြိုင်နိုင်ပြီး သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာ များ ဆင်တူအသုံးပြုထားကာ ပို၍သက်သာသော  ဈေးနှုန်းများဖြင့်ရရှိနိုင်မည်လည်းဖြစ်သည်။ 

ဖုန်းတစ်လုံး၏ ဒီဇိုင်းပိုင်းတွင် ရှေ့ဆုံးမှအစဉ်အမြဲ ဦးဆောင်လျက်ရှိသော Honor က ယခုတစ်ခါတွင်လည်း ဖုန်း၏ အနောက်ဘက်တွင် ဖန်သားသုံးထပ်အားပေါင်းစည်းကာ ရောင်ပြန်ဖြစ်စေရန်ဖန်တီးပေးသော “Triple 3D Mesh” နည်းပညာကိုအသုံးပြုထားပြီး holographic ဒီဇိုင်းအသစ်ကိုထည့်သွင်းသွားမည်ဖြစ်သည်။ အဆိုပါ ဖန်သားသုံးထပ်အားဖုန်း၏အနောက်ဖက်တွင် ဖန်သားပြင်တစ်ချပ်တည်းပုံစံ နောက်ခံကာဗာဖြစ်အောင် ပြုလုပ်   ထားမည်ဖြစ်သည်။ ယင်းသို့ ပြုလုပ်ရသည့် လုပ်ဆောင်မှုအဆင့်များမှာ ခဲခက်ပြီး အောင်မြင်စွာထုတ်လုပ်နိုင်  သော ၂၀% နှုန်းဖုန်းများကိုသာ ဈေးကွက်အတွင်းသို့ ဖြန့်ချိတင်သွင်းရောင်းချမှုအား ကြည့်ခြင်းဖြင့် Honor ၏ မြင့်မားသော အရည်အသွေးများကို တွေ့ရှိနိုင်မည်ဖြစ်သည်ဟုသိရသည်​။
ဖုန်း၏ဘယ်ဘက်ထောင့်ဆုံးတွင် ရှိနေသည့် ကင်မရာသုံးလုံးအပြင်  ဒေါင်လိုက်အနေအထားရှိ စာတန်း အစရှိ သည့် ဒီဇိုင်းပိုင်းဆိုင်ရာတွင်လည်း Huawei P30 Pro နှင့် ဆင်တူမည်ဟု ယူဆရသည်။








Honor 20 နှင့် Honor 20 Pro တို့တွင် Honor View 20 ၏မျက်နှာပြင်နည်းပညာနှင့် ဆင်တူသော ၆.၂၆ လက်မ မျက်နှာပြင်၊ ၉၁.၆% ဖုန်းမျက်နှာပြင်အချိုးအစား နှင့် ၄.၅ မီလီမီတာအရွယ်ရှိ pinhole ကင်မရာတို့ ပါဝင်လာမည်ဖြစ်ပြီး ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ဖုန်း၏အောက်ခြေမှာ အလွန်ပါးလွှာပြီး မျက်နှာပြင် ကို အဝိုင်းသဏ္ဍာန် ဝန်းရံထားသည်။
Honor 20 ၏ ကင်မရာများသည် Honor View 20 ၏ ကင်မရာများကဲ့သို့ 48-megapixel ရှိ အဓိကကင်မရာ၊ 20-megapixel ရှိ ဒုတိယကင်မရာနှင့် 8-megapixel lens ရှိ တတိယ ကင်မရာတို့ ပါဝင်လာလိမ့်မည်။
Kirin 980 processor နှင့် 3560 mAh ဘက်ထရီကို သုံးထားနိုင်မည်ဖြစ်ကာ Chipset အစိတ်အပိုင်းမှာ Huawei P30 Pro နှင့်တူညီသည့် 980 အမျိုးအစားလည်း ဖြစ်သည်။ သိုလှောင်မှုပမာဏအပိုင်းအနေနှင့်လည်း 6GB ၊ 8GB RAM သို့မဟုတ် 128GB ၊ 256GB ROM ဖြင့်လာနိုင်သည်ဟုသိရသည်​။

Comments