"Galaxy Challenge ”PUBG မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲအား Samsung မှ Claw Esports နှင့်အတူ ပူးပေါင်း ကျင်းပမည်။


Samsung Myanmar မှ ပြည်တွင်း E sports ပြိုင်ပွဲ စီစဉ်သူ Claw Esports Myanmarနှင့် လက်တွဲပူးပေါင်း၍ "The Galaxy Challenge ”အမည်ရှိ နိုင်ငံတကာအဆင့်မှီ PUBG Mobile ပြိုင်ပွဲအား စီစဉ် ကျင်းပသွားမည်ဖြစ်ကြောင်း မေလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံရှိ ဂိမ်းအသိုင်းအဝိုင်းအား ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Sansung နှင့် Claw Esport တို့မှ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မူ ဖြစ်ပြီး၊ ဆုကြေးငွေ စုစုပေါင်း သိန်းတစ်ရာနှင့်အထက် ချီးမြှင့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးမားဆုံး PUBG Mobile ဂိမ်းပြိုင်ပွဲ တစ်ခုဖြစ်လာမည်ဖြစ်​ပြီး



ယင်းပြိုင်ပွဲ၏ပွဲစဉ် တစ်ခုချင်းစီအား ၂၀၁၉ ခုနှစ်၊မေလ မှ ဇူလိုင်လ အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ အုပ်စုလိုက်ပြိုင်ပွဲများကို မေလနှင့် ဇွန်လ အတွင်း အွန်လိုင်းမှ တစ်ဆင့်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်၊ပြိုင်ပွဲများ အားလုံးကို ဇူလိုင်လ အတွင်းတွင် Offline ပွဲအားကျင်းပကာ အဆုံးသတ်သွားမည်ဖြစ်သည်၊နောက်ဆုံးအဆင့် ပွဲစဉ်များကို ဇူလိုင်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ရန်ကုန်မြို့၌ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမည်ဖြစ်​ကြောင်း

ထိုပြိုင်ပွဲ၏ အနိုင်ရသူများအား ဆုချီးမြှင့်ပြီး ပြိုင်ပွဲ တစ်လျှောက်အကောင်းဆုံး ဂိမ်းကစားသမားများကို Samsuam Myanmar မှရွေးချယ်၍ အနာဂတ်မိုဘိုင်းလ်ဂိမ်း ပြိုင်ပွဲများ အတွက် Galaxy Team ကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။            

Comments