Blue Frog Company Limited ၏ AR နည်းပညာသုံး တိုင်းရင်းသားဘာသာ စကား သင်ကြားရေးအစီအစဉ် စာအုပ်နှင့် အက်ပလီကေးရှင်းမိတ်ဆက်


မန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ၏ အရွေးချယ်ခံအသင်း ၃ သင်းထဲမှတစ်သင်းဖြစ်သော Blue Frog Company Limited ၏ AR နည်းပညာသုံး တိုင်းရင်းသားဘာသာ စကား သင်ကြားရေးအစီအစဉ် စာအုပ်နှင့် အက်ပလီကေးရှင်းမိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရှိ MICT Park  အဆောင် ၁၄ တွင်ရှိသော Kanaung Hub Incubation Center တွင် မေလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်​။



LEL AR book ဆိုသည်မှာ စာအုပ်နှင့် AR နည်းပညာကို ပေါင်းစပ်ထားသော product တစ်ခုဖြစ်ပြီး LEL AR book တွင် အသံဖိုင်များကိုနားထောင်နိုင်ခြင်း၊ ရုပ်ကြွများကြည့်ရှုနိုင်ခြင်း၊ သင်ကြားရေးဂိမ်းများဆော့နိုင်ခြင်း အစရှိသည့် လုပ်ဆောင်မှုများ ပါရှိသည်။ လက်ရှိတွင်ကရင်ဘာသာစကားကိုလေ့လာနိုင်မည် ဖြစ်ပြီး နောက်ပိုင်း တွင် အခြားတိုင်းရင်းသားဘာသာစကားများကိုလည်း ထပ်မံ ထည့်သွင်းဆောင်ရွက်သွား မည်ဟုသိရသည်​။

Blue
Frog Company Limited ၏ ဖော်ပြပါနံပါတ်များ ဖြစ်သည့် ၀၉-၇၃၀၈၆၇၅၂ ၊ ၀၉-  ၉၇၅၈၀၆၄၇၁
နှင့် https://www.facebook.com/blue.frog.studio မှ တစ်ဆင့် တိုက်ရိုက် မှာယူနိုင်မည် ဖြစ်ပြီး
ယခုအစီအစဉ်တွင် ပါဝင်သည့်အက်ပလီကေးရှင်းနှင့်စာအုပ်တို့ကို လာမည့် မေလ ၂၅ ရက်တွင်စတင်ဝယ်ယူနိုင်မည်ဖြစ်​ကြောင်းသိရသည်​။

Comments