ရန်ကုန်မေ၁၀ Blogger နေခြည်ဦးအား Rexona အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်




Rexona သည် တီထွင်ဆန်းသစ်သော နည်းပညာများဖြင့်  ဖော်စပ်ထုတ်လုပ်ထားသည့် အမျိုးသမီးသုံး Advanced Whitening Fresh Rose၊ Advanced Whitening Fresh Lilly၊ Power Dry + Whitening roll-on သုံးမျိုးနှင့်  အမျိုးသားသုံး Ice Cool + Anti Stain and Invisible Dry (Black + White) roll-on နှစ်မျိုးတို့ကို
Sedona ဟိုတယ်တွင်ယခုလ၉ရက်နေ့ကစတင်မိတ်ဆက်ခဲ့သည်။
်  Rexona ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ အခမ်းအနားတွင်Rexona မြန်မာ၏ အမှတ်တံဆိပ်သံတမန် အဖြစ်Beauty bloggerသရုပ်ဆောင်နေခြည်ဦးကိုခန့်အပ်ခဲ့သည်။
“ကျွန်မတို့အနေနဲ့  နေခြည်ဦးနဲ့အတူ လက်တွဲပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာအောင် နေခြည်ဦးက Rexona အမှတ်တံဆိပ်နဲ့ အရမ်းကို လိုက်ဖက်ပြီးတော့ Rexona က ယုံကြည်ထားတဲ့ ကိုယ်ကိုတိုင်ရော၊ တခြားသူတွေကိုပါ ပိုမိုတက်ကြွလှုပ်ရှားစေပြီး ယုံကြည်ချက်ပြည့်ဝစွာနဲ့ ကိုယ့်ကိုကိုယ် ရည်ညွန်းဖော်ထုတ်ပြသကြဖို့ဆိုတဲ့အချက်ကို အထိရောက်ဆုံး လွှမ်းမိုးပြောဆိုနိုင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်” ဟုRexonaမှ မနှင်းသီရိဟန်ကပြောပြခဲ့သည်။
Rexona အမှတ်တံဆိပ်၏ သံတမန်အဖြစ် လုပ်ဆောင်သွားမည့် နေခြည်ဦးမှလည်း သူမ၏ ဝမ်းသာပျော်ရွှင်မှုအား ယခုလိုပြောပြခဲ့သည်။ “နေခြည့်အနေနဲ့ antiperspirant ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအများကြီးထဲကမှ နိုင်ငံတကာအသိအမှတ်ပြု Rexona အမှတ်တံဆိပ်နဲ့ လက်တွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာ ပျော်ရွှင်မိပါ တယ်။ Rexona နဲ့ နေခြည်နဲ့မှာ တူညီတဲ့ ယုံကြည်မှုလေးတစ်ခုလည်းရှိပါတယ်။ အဲ့တာကတော့  နေခြည်အပါအဝင် လူတစ်ယောက်ချင်းစီတိုင်းက ကိုယ့်ကိုကိုယ် ဖော်ထုတ်ပြသတဲ့အခါ ဘယ်လိုအချိန်၊ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ဘယ်အရာကမှ တားဆီးချုပ်နှောင်ထားဖို့ မသင့်ပါဘူး။ နောက်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးသဖြင့် ချိုင်းသန့်ရှင်းရေးဆိုတာကို ရေချိုးလိုက်ရင်ရပြီဆိုပြီး တော်တော်များများက လျစ်လျူရှုထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီချိုင်းကြားအသားအရေညိုမဲပြီး ချွေးနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ယုံကြည်မှုအားနည်းပြီး မလုံမလဲတွေ  ဖြစ်လာမှာပါပဲ။ ဒါကြောင့် အခုနေခြည်က Rexona နဲ့အတူ အမှတ်တံဆိပ် သံတမန်တစ်ဦးအနေနဲ့ ချိုင်းသန့်ရှင်းရေးကို ဘယ်လိုထိရောက်စွာလုပ်ဆောင်သင့်ကြောင်းနဲ့ ဘဝမှာအကောင်းဆုံးတွေကို ရယူနိုင်ဖို့ ယုံကြည်ချက်က ဘယ်လောက်အရေးပါကြောင်းတွေကို  ပြောပြပေးသွားချင်ပါတယ်။”  ဟုပြောခဲ့သည်။
Rexona ၏ အသစ်ထုတ်လုပ်လိုက်သော Roll-on များကို ၅၀မီလီဘူးဆိုဒ်ဖြင့် နိုင်ငံအနှံ့တွင် ဖြန့်ဖြူးရောင်းချပေး လျက်ရှိပြီး Advanced Whitening Fresh Rose Roll-on ကို ၂၅မီလီဆိုဒ်ဖြင့်ဝယ်ယူရရှိနိုင်သည်။

Comments