မက်ဂီမှ တတိယအကြိမ်မြောက်"ချစ်မေတ္တနဲ့ချက်မည်"ဟင်းချက်ပြိုင်ပွဲကို ရန်ကုန်မြို့ Junction Square Outdoor Area တွင် မေလ(၁၁ ရက်မှ ၁၂)ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။
မက်ဂီဟင်းချက်ပြိုင်ပွဲကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယခုနှစ် တတိယအကြိမ်မြောက်ကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိခင်အားလုံးကို ကျေးဇူးတင်အသိအမှတ်ပြု၍ တစ်ချိန်တည်မှာပင်မိသားစုအပေါ်ထားသည့် မက်ဂီမှ "မက်ဂီမေမေများနေ့ "ဟင်းချက်ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်မေမေများအနေဖြင့် မိမိကြိုက်အနှစ်သက်ဆုံးသော ဟင်းလျှာ၏အကြောင်းကို Myamar Page Facedook စာမျက်နှာသို့ ပေးပို့ပါဝင်ခဲ့ပြီး ထိုအထဲမှ ဟင်းလျှာကို တီထွင်ဆန်းသစ်မှုအရသာရှိမှုနှင့် အာဟာရပြည့်ဝမှုတို့ကိုမူတည်၍ အကောင်းဆုံးပြိုင်ပွဲဝင်(၂၅ )ဦးကို ပဏာမအဖြစ်ရွေးချယ်ခဲ့သည်။ ထိုပဏာမရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၂၅) ဦးသည် မေလ(၁၁)ရက်နေ့တွင် ရန်ကုန်မြို့ Junction Square ၌ ကျင်းပခဲ့သော "မက်ဂီမေမေများနေ့ဟင်းချက်ပြိုင်ပွဲ"တွင် အဆင့်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကိုဒိုင်အဖြစ် နိုင်ငံကျော်စားဖိုမှူးကြီး ဦးမြင့်သာ ကိုယ်တိုင်မှ ပါဝင်အကဲဖြတ်ပေးခဲ့၍ ပထမဆု ငွေကျပ်(၁၀)သိန်း၊ ဒုတိယဆု ငွေကျပ်(၅) သိန်း၊တတိယဆု ငွေကျပ်(၃)သိန်းနှင့်အတူ မက်ဂီမှဆုလက်ဆောင်များပေးအပ်သွားခဲ့ကြောင်းသိရသည်။
Comments
Post a Comment