မိုင်းရှာဖွေရှင်းလင်းခြင်း သင်တန်းပို့ချစဉ် ပေါက်ကွဲမှုဖြစ်ပွား



မေလ ၂၁ ရက်၊နံနက် ၉ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၀×၃၁လမ်းကြား၊ ၆၆×၆၇လမ်းကြားရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မိုင်းအမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေရှင်းလင်းခြင်း(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)တွင်   မိုင်ထောင်ခြင်းနှင့် မိုင်းဖော်ခြင်း သင်ခန်းစာ လက်တွေ့သရုပ်ပြသင်ကြားနေစဉ် လေ့ကျင့်ရေး(ပလပ်စတစ်နင်းမိုင်းအသေး M-14)အစား မိုင်းအစစ်ဖြင့် မှားယွင်းအသုံးပြုမိသဖြင့် သင်တန်းနည်းပြအပါအဝင် (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဒဏ်ရာရရှိသူများကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

Comments