ကိုရီးယားဂန်ဝန်းဒေသသို့မြန်မာခရီးသွားများပိုမိုလာရောက်ရန်ပြည်တွင်းခရီးသွားလုပ်ငန်းနှစ်ခုနှင့်သဘောတူလက်မှတ်ရေးထိုး


ကိုရီးယားဂန်ဝန်းဒေသသို့မြန်မာခရီးသွားများပိုမိုလာရောက်ရန်ပြည်တွင်းခရီးသွားလုပ်ငန်းနှစ်ခုနှင့်ဂန်​ဝန်းခရိုင်​၏ ဒုအုပ်​ချုပ်​​ရေးမှူးတို့၏သဘောတူလက်မှတ်ရေးထိုးပွဲကိုယခုလ၂၉ရက်နေ့ကရန်ကုန်မြို့Lotteဟိုတယ်တွင်ပြုလုပ်ခဲ့သည်။ 
ယခုလက်မှတ်ရေးထိုးပွဲတွင်ပြည်​တွင်းမှ Citi Avenue Travels & Tours နှင့်​ New Motion Travels & Tours တို့နှင့်ဂန်​ဝန်းခရိုင်​၏ ဒုအုပ်​ချုပ်ရေးမှူးတို့မှ



တောင်​ကိုရီးယားနိုင်​ငံ ဂန်​ဝန်းခရိုင်​ သို့ သွား​ရောက်​လည်​ပတ်​မှု မြင့်​တက်​​စေရန်လက်​မှတ်​​ရေးထိုးခြင်းခဲ့ခြင်းဖြစ်သည်။
  "ဂန်​ဝန်းခရီးသွားပြပွဲ -မြန်​မာဟာ ဂန်​ဝန်းခရိုင်​ရဲ့အမျိုးမျိုး​သော ဆွဲ​ဆောင်​မှုများကို မိတ်​ဆက်​ပြသနိုင်​မယ့်​ ကြီးမား​သောအခွင့်အ​ရေးတစ်​ရပ်​ဖြစ်​ပြီး မြန်​မာခရီးသွားများကို ဆွဲ​ဆောင်​နိုင်​ရန်​ ကျွန်​​တော်​တို့တတ်​စွမ်းသမျှအ​ကောင်းဆုံး ကြိုးစားအားထုတ်​သွားပါမယ်​"ဟု ဂန်​ဝန်းခရိုင်​၏ ဒုအုပ်​ချုပ်​​ရေးမှူးဖြစ်​သူ Mr. Chung Man-ho မှ ​ပြောကြားခဲ့သည်​။   
       
သဘောတူလက်မှတ်ရေးထိုးခြင်းနှင့်အတူ ဂန်​ဝန်း- ကိုရီးယား၏ လျှို့ဝှက်​ခရီးသွားရတနာ ခရီးသွားပြပွဲ ၂၀၁၉ ကို မြန်​မာနိုင်​ငံတွင်​ ပထမဆုံးအကြိမ်​အဖြစ်​ ကျင်ပခဲ့ရာဂန်​​ဂျောင်း​မြို့၏ ကမ္ဘာလှည့်​ ခရီးသွားဆိုင်​ရာ ​နေရာအချို့ကို အ​လေးထား ပြသခဲ့ပြီး​​နောက်​ဆုံးကျင်းပခဲ့သည့်​ ​ဆောင်းရာသီ အိုလံပစ်​ကစားပွဲများ အဓိကကျင်းပရာ​နေရာ၊ ကိုရီးယားနိုင်​ငံ၏ ထိပ်​တန်း နှင်း​လျောစီး အပန်း​ဖြေစခန်းများဖြစ်​သည့်​ Alpensia အပန်း​ဖြေစခန်း၊ Yongpyong အပန်း​ဖြေစခန်း၊ High 1 အပန်း​ဖြေစခန်းတို့နှင့်​ White Hotel အပြင်​ ကမ္ဘာလှည့်​ခရီးသွားများကြား ​ရေပန်းစားသည့်​ နာမီကျွန်းတို့ကို ပြသသွားကြောင်း သိရသည်။

Comments