ငမိုးရိပ် ရေသန့်စင်စက်ရုံမှ ပထမအဆင့်ပိုက်လိုင်း ရာသီဥတု ဒဏ်ကြောင့် ရေယိုစိမ့်မှုဖြစ် အမြန်ပြုပြင်နေ


ငမိုးရိပ် ရေသန့်စင် စက်ရုံ( ညောင်နှစ်ပင်) ပထမအဆင် မှ၅၆'' DI ပိုက်လိုင်းဖြင့်ရေ ဂါလန် (၄၅)သန်း  ဒုတိယအဆင့် မှ ၄၈ '' HDPE ပိုက်လိုင်းဖြင့် ရေဂါလန် (၄၅) သန်း စုစုပေါင်း ရေဂါလန် သန်း (၉၀) အား ရန်ကုန်မြို့တော် သို့ နေ့စဉ်ရေပေးဝေလျက်ရှိသည်။

  ငမိုးရိပ် (ဒုတိယအဆင့်) ၄၈'' HDPE ပိုက်လိုင်းသည် ရေတွန်းစက် ၄ လုံးဖြင့် ရန်ကုန်မြို့တော်သို့ စဉ်ဆက်မပြတ် စက်စွမ်းအားပြည့် ရေဂါလန် (၄၅) သန်း ပေးဝေလျက်ရှိသည်။







မေလ ၂၄ ရက် ညနေ ၆ နာရီခွဲက ပဲခူးလမ်း နှင့် အမှတ်(၃) လမ်းဆုံအနီး ညောင်နှစ်ပင် အဝင်လမ်း၏ ဘယ်ဘက်ခြမ်းရှိ ငမိုးရိပ် ပထမအဆင့် ၅၆'' DI ပိုက်လိုင်း၏ Joint နေရာမှ ရာသီဥတုဒဏ်ကြောင့် ရေယိုစိမ့်မှု ဖြစ်ပေါ်သဖြင့်ချက်ချင်း ရေတွန်းစက်များရပ်တန့်ပြီး ညတွင်းချင်းအမြန်ပြုပြင်ဆောင်ရွက်လျက်ရှိရာ မေလ ၂၅ ရက်၊ညနေ ၃ နာရီ  ခန့်တွင် ပုံမှန်တိုင်းရေပြန်လည်ပေးဝေ နိုင်မည်ဖြစ်ကြောင်း မြို့တော် စည်ပင်မှ သိရသည်။                                                 

Comments