အိုင်​မြန်​မာ​ဟောက်​စ်​​ဒေါ့ကွန်းမှကြီးမှူးသည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးကျင်းပ



မြန်​မာနိုင်​ငံ၏ နံပါတ်​တစ်​အ​ရောင်းဝယ်​ဌားဝဘ်​ဆိုက်​ဖြစ်​​သော IMyanmarHouse. Com(အိုင်​မြန်​မာ​ဟောက်​စ်​​ဒေါ့ကွန်း)မှ ကြီးမှူ၍ (၁၁)ကြိမ်​​မြောက်​ မြန်​မာနိုင်​ငံ၏ အကြီးဆုံး အိမ်​ခြံ​မြေအ​ရောင်းပြပွဲကြီး ဖွင့်​ပွဲအခမ်းအနားကို ​မေလ(၁၀)ရက်​​နေ့က ရန်​ကုန်​မြို့  ဦးဝိစာရလမ်းရှိ တပ်​မ​တော်​ခန်းမတွင်​ ကျင်းပပြုလုပ်​ခဲ့သည်​။
အဆိုပါအရောင်းပြပွဲအတွင်းဆောက်လုပ်ရေးကုမ္ပဏီ(၅၀)ကျော်၊တိုက်ခန်းနှင့်ကွန်ဒိုပေါင်း (၁၀,၀၀၀)ကျော်၊သိန်း၂၀၀ကျော်မှစသော တိုက်ခန်း၊ကွန်ဒို၊လုံးချင်းနှင့်မြေကွက်များကိုအထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်​သည်​။

" ယခုပွဲဟာ IMyanmarHouse. Com အ​နေနဲ့ ရန်​ကုန်​မြို့ မှာကျင်းပတဲ့(၁၁)ကြိမ်မြောက်မြန်မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး ဖြစ်​ပါတယ်​၊ အခုလို မြန်​မာ့အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး​တွေကို ရန်​ကုန်​မြို့ အပြင်​ မန္တ​လေး၊​တောင်​ကြီးမြို့​တွေနဲ့ စင်​ကာပူနိုင်​ငံ​မှာပါ ကျင်းပပြုလုပ်​​နေတာဖြစ်​ပါတယ်​"ဟု အိုင်​မြန်​မာ​ဟောက်​စ်​​ဒေါ့ကွန်း၏ မန်​​နေဂျင်းဒါရိုက်​တာဖြစ်​သူ ဦး​နေမင်းသူမှ ​ပြောကြားခဲ့သည်​။

၎င်း ပြပွဲ၌ KBZ Bank နှင့် YOMA Bank တို့မှ Official Banking Partners အဖြစ်ပါဝင်၍ အိမ်ရာချေးငွေအားတထိုင်တည်း လျှောက်ထားနိုင်မည်ဖြစ်​​ကြောင်းသိရသည်​။ ထို့အပြင်​ အိမ်ခြံမြေ ရောင်းမှား ဝယ်မှားမဖြစ်အောင် ပြပွဲ(၃)ရက်​အတွင်းတွင်​ စီးပွား​ရေးနှင့်​ အိမ်​ခြံ​မြေ အ​ကြောင်းအရာများကို အသီပညာရှင်​ အတတ်​ပညာရှင်​များဖြစ်​​သော ဦးမြတ်​သူဝင်း(ဥက္ကဌ -​ရွှေမင်းသား​ဖောင်​​ဒေရှင်း)၊ ဦးကိုကို​ထွေး၊ (ဥက္ကဌ -​တော်​ဝင်​မိသားစုကုမ္ပဏီ)၊ ဦးဇင်​ဖြိုးပိုင်​(CEO and principal- MESI Business Institute)၊ ဦးသက်​နိုင်​ဦး(CEO- Maverick Management Co.Ltd)၊ ဦးစိုးဟိန်း(SMEBi-President,AEA-ASEAN Advisory Board)၊ ဦးပီတာ(အတိုင်​ပင်​ခံ/စီးပွား​ရေးအကြံ​ပေး-​အောင်​သမာဓိအကျိုး​ဆောင်​နှင့်​​ဆောက်​လုပ်​​ရေးကုမ္ပဏီ)၊ ဦးဝင်းနိုင်​(ဒုတိယညွှန်​ကြား​ရေးမှူး-မြို့ပြနှင့်​အိမ်​ရာဖွံ့ဖြိုး​ရေးဦးစီးဌာန)၊ ဦးစိုင်းခွန်း​နောင်​)ဥက္ကဌ - ရန်​ကုန်​တိုင်း​အိမ်​ခြံ​မြေလုပ်​ငန်းရှင်​များအသင်း)၊ ဥိး​ကျော်​စည်​သူ(Sales Director- Golden City)၊ ဦးမျိုးမြင့်​( Chairman -M.K.T Construction) ၊ လွှတ်​​တော်​​ရှေ့​နေ ​မောင်​​ကောင်း​ဖေ၊ ​ဒေါ်ခင်​နီလာ​အောင်​(Assistant General Manager- CB Bank)၊ ဦး​ကျော်​စွာဟိန်း(MyanmarArt Construction)၊ ဦး​နမင်းသူ(MD-iMyanmarHouse.Com)တို့မှ​ဆွေး​နွေး ဟော​ပြော​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

အထူးအစီအစဉ်အဖြစ် Suzuki ကားများ ၊ Peugeot ကားများ ၊ Kia ကားများကိုလည်းအထူးလျှော့ဈေးများ၊ဘဏ်ချေးငွေများဖြင့် အရစ်ကျဝယ်ယူနိုင်မည်ဖြစ်​ပြီး အိမ်တွင်းအလှဆင်ခြင်းများ ၊ အိမ်အသုံးအဆောင်ပစ္စည်းများကိုလည်းပရိုမိုးရှင်းများပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
အရောင်းပြပွဲကို ​​မေလ(၁၀ ရက်​မှ ၁၂ ရက်​) အထိ မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ တပ်မတော်ခန်းမ ၊ဦးဝိစာရလမ်း၊ ရန်ကုန်မြို့တွင်​ပြသ​ရောင်းချသွားမည်​ဖြစ်​သည်​။

Comments