ရီဒူးမြန်မာက 5G ကွန်ရက်ဖြန့်ကြက်ရန် ZTE Corporation နဲ့ ပူးပေါင်းဆောင်ရွက်


အူရီဒူးမြန်မာ နှင့် ZTE Corporation တို့ ပူးပေါင်းပြီး 5G ကွန်ရက် ဖြန့်ကြက်ပေးနိုင်ရန်အတွက် နားလည်မှုစာချွန်လွှာကို ယနေ့လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အူရီဒူးလုပ်ငန်းစု၏ ခေတ်နှင့်အမီ ကွန်ရက်ဖြန့်ကြက်ခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး “5G ကဏ္ဍတိုးတက်ပြောင်းလဲ ဖော်ဆောင်ရေး” တွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်စေရန် စနစ်ကျနသေချာစွာ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

အူရီဒူးမှ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးခရီးစဉ်အတွက် ပံ့ပိုးကူညီမှုကိုပြသည့်အနေဖြင့် မြန်မာ့ 5G ကဏ္ဍအတွက်ဆောင်ရွက်ပေးရန် ZTE နှင့် လက်တွဲလုပ်ဆောင်တဲ့ ပထမဦးဆုံးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည်​။
အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma နှင့် ZTE Myanmar ၏ CEO ဖြစ်သူ Mr. YanChangzhi တို့မှ အူရီဒူးမြန်မာရုံးချုပ်တွင် အဖွဲ့အစည်း နှစ်ခု၏ အကြီးတန်းစီမံအုပ်ချုပ်သူများရှေ့မှောက်၌ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြ
ကြောင်းသိရသည်​။

ဤပူးပေါင်းဆောင်ရွက်မှုသည် ZTE Corporation ၏ နည်းပညာကျွမ်းကျင်မှုကို အသုံးပြုပြီး မြန်မာပြည်သူပြည်သားများအတွက် နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ပြည့်စုံစေရန် အထောက်အပံ့ပေးမည့် အူရီဒူးမြန်မာ၏ ကြိုးစားအားထုတ်မှုကို ပံ့ပိုးပေးမည်ဖြစ်သည်ဟုသိရသည်​။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က “အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍမှာ ဦးဆောင်နေတဲ့ ZTE Corporation နဲ့ ဒီနေ့မှာ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမှုကို ၀မ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ အူရီဒူးအနေနဲ့ 5G ဟာ မြင့်မားတဲ့ မြန်နှုန်း၊ အနည်းဆုံးသော အချက်အလက်ပေးပို့ဆက်သွယ်ပြန်ကြားမှုကြာချိန် နဲ့ ပိုမိုသာလွန်တဲ့ လုပ်ဆောင်နိုင်စွမ်းရည် တို့နဲ့အတူ မျိုးဆက်သစ် ကြိုးမဲ့ နည်းပညာက လုပ်ဆောင်ပေးသွားမှာ ဖြစ်တဲ့အပြင် ရွှေ့လျားသွားလာမှု၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်မှု နဲ့ အခြားသော စက်မှုလုပ်ငန်းတွေအတွက် အလားအလာကောင်းများကို ဖြစ်ပေါ်စေမှာလည်းဖြစ်တယ်ဆိုတာကို သိရှိထားပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒီဂျစ်တယ်လူနေမှုဘ၀ တိုးတက်ဖို့အတွက် အလားအလာကောင်း တစ်ရပ်ဆိုတာကို သိရှိထားတဲ့အတွက် 5G အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများထဲမှာ ပထမဦးစတင်လုပ်ဆောင်တဲ့ အော်ပရေတာတစ်ခု ဖြစ်ပါတယ်။ ယခုလုပ်ဆောင်ချက်ဟာဆိုရင် အူရီဒူးရဲ့ ဒီဂျစ်တယ်နည်းပညာနဲ့ ပြည်သူတွေဘ၀ကို တောက်ပကောင်းမွန်အောင်လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လဲ ကိုက်ညီပါတယ်။ ယခုလို ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်ကို ZTE Corporation နဲ့အတူ ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်​။
ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးအနေဖြင့် အူရီဒူးမြန်မာနှင့် ZTE Corporation တို့သည် 5G ကွန်ရက်ကို ဖြန့်ကြက်နိုင်ရန်အတွက် ပတ်ဝန်းကျင်အလိုက် အလားလာရှိနိုင်သော စမ်းသပ်စစ်ဆေးချက်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီးကွန်ရက်ကို အသုံးပြုနိုင်ရန် စတင်သည့်အချိန်တွင် အကောင်းဆုံးအရည်အသွေးရှိသော ၀န်ဆောင်မှုကို ပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်စေရန်အတွက် ပတ်ဝန်းကျင်အလိုက် စမ်းသပ်စစ်ဆေးချက်များကို အသုံးချပြီး 5G ကွန်ရက်၏ စွမ်းရည်ကို သုံးသပ်မည်ဖြစ်သည်​ဟုသိရသည်​။
ZTE Corporation ၏ SVP ဖြစ်သူ Mr. MeiZhonghua က “ယခု ပူးပေါင်းဆောင်ရွက်မှုကနေပြီး အူရီဒူးရဲ့ တမ္ဘာတ၀န်း 5G ကွန်ရက်လွှမ်းခြုံနိုင်ရန် ရည်မှန်းချက်အပေါ် အကျိုးရှိရှိ အသုံးချဆောင်ရွက်ပေးဖို့ မျှော်မှန်းပါတယ်။ 5G ဟာဆိုရင် အနာဂတ်ရဲ့ ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာဖြစ်ပြီး စွမ်းဆောင်ရည် လိုအပ်ချက်များအတွက် အစိတ်အပိုင်းများစွာနဲ့ ဖန်တီးထားပြီး အဆင့်မြင့်မားလာတဲ့ တိုးတက်မှုကို အစဉ်အမြဲ ကိုက်ညီနေစေရန် ဒီဇီုင်းရေးဆွဲ ပြုလုပ်ထားတာဖြစ်ပါတယ်။ ၎င်းဟာဆိုရင် 4G ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ပါတယ်။ အချက်အလက်ပေးပို့လက်ခံရန်ကြာချိန် latency ဟာဆိုရင် အလွန်ကို နည်းပါးတဲ့အပြင် ရွှေ့လျားနိုင်မှု၊ စက်မှုလုပ်ငန်းကွန်ရက်ချိတ်ဆက်မှု၊ အဝေးထိန်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပုံရိပ်ယောင်စနစ် (VR) နှင့် အရည်အသွေး အလွန်ကောင်းမွန်သော ultra-high-definition ဗီဒီယိုတို့ ရရှိနိုင်စေဖို့ အပြောင်းအလဲဖြစ်စေရန် အထောက်အကူ                            ပြုပါတယ်။ ဒါ့အပြင် ၀န်ဆောင်မှုရယူထားသူတွေဟာ အင်တာနက်ရဲ့ စွမ်းအားကို စိတ်လှုပ်ရှားစရာ နည်းလမ်းများစွာနဲ့ အသုံးပြုခံစားနိုင်မှာဖြစ်သလို ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ 5G ဟာဆိုရင် ဟန်းဆက်ကနေ ရေဒီယိုစနစ်သို့ ချိတ်ဆက်မှု၊ IP core ကနေ cloud ကို ပေးပို့မှုစတဲ့ မိုဘိုင်းကွန်ရက်တစ်ခုလုံး နဲ့ ဆက်စပ်နေတဲ့ ဂေဟစနစ်ကိုပါ သက်ရောက်အကျိုးရှိမှာဖြစ်ပါတယ်။” ဟုပြောကြား
ခဲ့သည်​။




အူရီဒူးမှ 5G ကို ၂၀၁၈ခုနှစ် မေလတွင် ကာတာ၌ စတင်မိတ်ဆက်ပေးနိုင်ခဲ့သည့်အတွက် ကမ္ဘာတဝန်းမှာ ပထမဦးဆုံး 5Gကွန်ရက် စတင်မိတ်ဆက်ပေးနိုင်ခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဆက်သွယ်ရေးသမိုင်းမှာ မှတ်တမ်းတင်နိုင်ခဲ့သည်။ အူရီဒူးသည် မျိုးဆက်သစ်ကွန်ရက်ဖြစ်တဲ့ 5G ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို ၂၀၁၄ခုနှစ်ကတည်းမှစတင်ပြီး စတင်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့
ပြီးကမ္ဘာတ၀န်းရှိ အခြားဒေသများတွင်တည်ရှိသော အူရီဒူးလုပ်ငန်းများသည် 5G မိုဘိုင်းကွန်ရက်ကို စမ်းသပ်ခြင်း၊ ကနဦးစတင်အသုံးပြုခွင့်ပေးခြင်း နှင့် သုံးစွဲသူအများအပြား အသုံးပြုနိုင်ရန်မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော 5G ၀န်ဆောင်မှုပေးနိုင်ခြင်းကို မှတ်တမ်းတင်နိုင်ရန် လွန်ခဲ့သည့်လအနည်းငယ်က စတင်လုပ်ဆောင်ခဲ့​​ကြောင်းသိရသည်​။

Comments