သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးအတွက် Samsung Electronics ထုတ်ကုန်ပစ္စည်းများတွင် ထုတ်ပိုးမှုပုံစံနည်းပညာအသစ်ဖြင့် လှုပ်ရှားမှုမြှင့်တင်


United Nations ၏ ဖော်ပြချက်အရ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ် တန်ချိန် ၈ သန်း ပမာဏခန့်သည် သမုဒ္ဒရာများအတွင်း ရောက်ရှိနေကြောင်း သိရပြီး ပိုမိုအံ့သြဖွယ်ရာကောင်းသော အချက်အနေဖြင့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တန်ချိန် ၈.၃ ဘီလီယမ်ခန့်ရှိ ပလတ်စတစ်များကို ထုတ်လုပ်ခဲ့ပြီး အဆိုပါ ပမာဏ၏ ၁ ရာခိုင်နှုန်းခန့်သာ ပြန်လည် အသုံး ပြုနိုင်သော ကုန်ကြမ်းများအပေါ်အခြေခံထုတ်လုပ်ထားတာဖြစ်ကြောင်း သိရသည်။

ဤသို့ သဘာဝပတ်ဝန်းကျင်အတွက် ဘေးထွက်ဆိုးကျိုးဆက်လက်ဖြစ်ပေါ်နေခြင်း အခြေအနေကို ကူညီဖြေရှင်းနိုင်ရန် အတွက် Samsung Electronics မှ ၂၀၁၉ ခုနှစ်အတွင်း ၎င်း၏ စွမ်းဆောင်ချက်များမှ သဘာဝပတ်ဝန်းကျင်အတွက် ပိုမို သင့်တော်ကောင်းမွန်သော ကုန်ပစ္စည်းထုတ်ပိုးမှုပုံစံအသစ်များကို မြင်တွေ့ရမယ်ဟု ကြေညာခဲ့​ကြောင်းဝိရသည်​။
Samsung အနေဖြင့် ၂၀၁၈ ခုနှစ်မှစပြီး ၎င်း၏ Notebook Computer များ အတွက် သဘာဝပတ်ဝန်းထိန်းသိမ်းမှုနှင့် ကိုက်ညီသော ကုန်ပစ္စည်း ထုတ်ပိုးမှုကိုပုံစံကို မိတ်ဆက်ခဲ့ပြီး ထိုမှတစ်ဆင့် အဆိုပါ ထုတ်ပိုးမှုပုံစံများကို ၎င်း၏ မိုဘိုင်း ဖုန်းများ၊ ဝတ်ဆင်အသုံး ပြုရသောပစ္စည်းများ၊ တီဗီ ၊ ရေခဲသေတ္တာနှင့် အခြားသော အိမ်သုံးပစ္စည်းထုတ်ကုန်များ အတွက်ပါ ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရန် နည်းလမ်းရှာဖွေခဲ့​​ကြောင်းသိရသည်​။


၂၀၁၉ ခုနှစ်အတွင်း ပလတ်စတစ်များအသုံးပြုထုတ်လုပ်ထားသော ကုန်ပစ္စည်းထုတ်ပိုးမှုများကို ပြန်လည်အသုံးပြုနိုင် သော ပလတ်စတစ်အိပ်များ၊ ကတ်ထူစက္ကူများ၊ သတင်းစာစက္ကူများ၊ ဇီဝအခြေခံပစ္စည်းများနှင့် ကြံဖက် စသော အသီး အရွက်များမှ စွန့်ပစ်ပစ္စည်းများဖြင့် ပုံသွင်းထုတ်လုပ်ထားသော ထုတ်ပိုးမှုပုံစံနည်းပညာအသစ်ဖြင့် အစားထိုးသုံးစွဲရန် နည်းလမ်းရှာဖွေခဲ့ကြောင်း သိရသည်။ ထို့အပြင် Samsung သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုအတွက် ရာနှုန်းပြည့်ပါဝင် လှုပ်ရှားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ ကုန်ပစ္စည်းထုတ်ပိုးမှုနှင့် အခြားသောစက္ကူအသုံးပြုမှုများ အတွက် Sustainable Forest Management (SFM) ၏ အသိအမှတ်ပြုသော စက္ကူများသာ အသုံးပြုရန်အတွက် သဘာတူ လက်ခံခဲ့သည်​ဟုသိရသည်​။
၂၀၁၉ ခုနှစ်အတွင်း မိုဘိုင်းဖုန်းများ၊ Tablet များနှင့် ဝတ်ဆင်အသုံးပြုရသော ပစ္စည်းများအတွက် အသုံးပြုသော ပလတ်စတစ်များအစား စက္ကူများဖြင့် အစားထိုးသွားရန်၊ ကြိုးနှင့် နားကြပ်များကို ပလတ်စတစ် ထုတ်ပိုးမှုအစား စက္ကူ သို့မဟုတ် ပြန်လည်အသုံးပြုနိုင်သော Bio ပလတ်စတစ်များဖြင့် အစားထိုးထုတ်လုပ်ရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် စက္ကူဗုံးနှင့် အခြားစက္ကူအသုံးပြုမှုများအတွက် သတ်မှတ်ထားသော Fiber ကုန်ကြမ်းများသာ အသုံးပြုမည်ဟု ​ပြောကြားသည်​။

ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ကိုရီးယားဈေးကွက်အတွင်း တီဗီနှင့် တီဗီအပိုပစ္စည်းများ၊ ရေခဲသေတ္တာ၊ Oven၊ အဝတ် လျှော် စက်၊ လေအေးပေးစက်နှင့် ဖုန်စုတ်စက်များထုတ်ပိုးရာတွင် ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် အသုံးပြုသော ပလတ်စတစ် အိတ်များကို အခြားဇီဝကုန်ကြမ်းများဖြင့် ပြောင်းလဲထုတ်လုပ်သွားရန်၊ ၂၀၂၀ ပြည့်နှစ်အတွင်း စက္ကူဗုံးနှင့် အခြား စက္ကူ အသုံးပြုမှုများအတွက် သတ်မှတ်ထားသော Fiber ကုန်ကြမ်းများသာ အသုံးပြုရန်နှင့် Q series Flagship TV များ ထုတ်ပိုးရာတွင် ထိခိုက်ကွဲရှမှုမှ ကာကွယ်ရန် ထည့်သွင်းအသုံးပြုသော ပလတ်စတစ်အိပ်များကို  အခြားဇီဝကုန်ကြမ်း များဖြင့် ပြောင်းလဲထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments