ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလိုင်စင်အတွက် “ရွေးချယ်ရန်သင့်တော်သည့် လျှောက်ထားသူ” အဖြစ် မြန်မာအစိုးရက PRUDENTIAL ကိုရွေးချယ်


ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာငွေကြေးအဖွဲ့အစည်းတစ်ခုဖြစ်သော Prudential plc သည် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းကိုထူထောင်ရန် “ရွေးချယ်ရန် သင့်တော်သည့် လျှောက်ထားသူ” အဖြစ် ရွေးချယ်ခြင်းခံရ​ကြောင်းသိရသည်​။
အဆိုပါရွေးချယ်မှုကို စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန(MoPF) က ဧပြီလ ၅ ရက်နေ့တွင်  ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသို့ရွေးချယ်ခံရခြင်းမှာ မြန်မာပြည်သူလူထု အတွက် အသက်အာမခံဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်မည့် ခွင့်ပြုချက်လိုင်စင်အပြည့်အ၀ရရှိရေး လုပ်ငန်း စဉ် အတွက် အဓိကကျသော ခြေလှမ်းတစ်ဆင့်ဖြစ်သည်ဟုသိရသည်​။
Prudential Corporation Asia ၏ Chief Executive ဖြစ်သော Mr Nic Nicandrou က “မြန်မာအစိုးရ ရဲ့ ထောက်ပံ့ကူညီမှုကို ရရှိလိုက်တဲ့အတွက် ကျွန်တော်တို့ ကျေးဇူးအထူးတင်ရှိပါတယ်။ Prudential အနေ နဲ့ Customer ပေါင်း ၁၅ သန်းကျော်ရဲ့  ပြောင်းလဲဖြစ်ပေါ်နေတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရင်း  ဒေသ တွင်းမှာ လုပ်ငန်းတွေ လည်ပတ်ဆောင်ရွက်နေတာ နှစ်ပေါင်း ၉၅ နှစ်ကျော်လာပါပြီ။ ၂၀၁၃ ခုနှစ်ကစပြီး ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်လာခဲ့တာ ဖြစ်ပြီး  အခုလို လိုင်စင်အသစ်ရလာတဲ့အတွက် မြန်မာပြည်က အာရှမှာ ကျွန်တော်တို့ရဲ့  ၁၃ ခုမြောက် အသက်အာမခံဈေးကွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအ၀ိုင်းကို ကူ  ညီနိုင်ဖို့ အခွင့်အလမ်းတွေကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ငွေရေးကြေးရေး ပိုင်းဆိုင်ရာရည်မှန်းချက်တွေ၊ ဘ၀ရည်မှန်းချက်တွေကို ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ အာမခံဝန်ဆောင်မှုတွေကတစ်ဆင့် ရရှိနိုင်ပါပြီ။” ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အသက်အာမခံထားရှိမှု လိုအပ်ချက်သည် အလျင်အမြန်မြင့်တက်လာမည်ဟု ခန့်မှန်းပြီး မြန်မာနိုင်ငံသည်အရှေ့တောင်အာရှတွင် စီးပွားရေးကြီးထွားမှု အမြန်ဆုံးတိုင်းပြည်များထဲမှ တစ်ခုဖြစ်ကာ၂၀၃၀[1] ပြည့်နှစ်တွင် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်၍ လူဦးရေ အတော်အတန် များပြား ကာ ၅၃[2] သန်းရှိပြီး ၂၀၂၀[3] ပြည့်နှစ်အရောက်တွင် အလယ်အလတ်တန်းနှင့် ချမ်းသာကြွယ်ဝသူဦးရေ ၁၅ ရာခိုင်နှုန်းထိ ရှိလာမည်ဟု  ခန့်မှန်းထား​ကြောင်းသိရသည်​။
Mr Nicandrou က “မြန်မာ့အာမခံလုပ်ငန်းကဏ္ဍရဲ့ လုပ်ငန်းတိုးချဲ့မှုနဲ့ လျှော့ပေါ့ပေးမှုတွေ ဆက်လက်  ဆောင်ရွက်နေခြင်းက အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးတာ၊ အရည်အသွေးမီ နိုင်ငံခြား ရင်းနှီး  မြှုပ်နှံမှုတွေ စီးဝင်လာတာ၊ ငွေကြေးဈေးကွက် ရေရှည်တိုးတက်ဖွံ့ဖြိုးတာ တွေ အပါအ၀င် သိသာထင်ရှား တဲ့ အကျိုးကျေးဇူးတွေ တိုင်းပြည်ထဲကို ဆောင်ကြဉ်းပေးလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။  ကျွန်တော်တို့ရဲ့  အတွေ့အကြုံတွေ၊ အာရှမှာဆောင်ရွက်ခဲ့တဲ့ ခိုင်မာတဲ့အစဉ်အလာမှတ်တမ်းတွေကို အရှိန်မြှင့်တင် ဆောင်  ရွက်ခြင်းအားဖြင့် ပြည်သူလူထုကို ရေရှည်ကာကွယ်မှုတွေပေးပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရင်း တိုင်း  ပြည်ရဲ့ဘဏ္ဍာ ရေး လုပ်ငန်းကဏ္ဍကို တိုးတက်စေချင်တဲ့ မြန်မာအစိုးရအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေ မှာ အရေးပါတဲ့ အခန်းကနေ ပါဝင်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ကတိက၀တ်ထားရှိပါတယ်။” ဟု ထပ်မံ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Comments