OPPO F11 Pro Avengers Limited Edition ဖုန်းနှင့် F Series မျိုးဆက်သစ် F11 ဖုန်းကို မကြာမီ မိတ်ဆက်မည်


ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များဖြစ်သော Lamborghini၊ Pikachu၊ Barca၊ Guerlain စသည့်အမှတ်တံဆိပ်များနှင့် ပူးပေါင်း၍ လူငယ်များအကြိုက်တွေ့စေမည့် Limited Edition စမတ်ဖုန်းများ ထုတ်လုပ်ခဲ့သော OPPO သည် ယခု ၂၀၁၉ ခုနှစ်တွင်လည်း Marvel ကုမ္ပဏီနှင့်ပူးပေါင်းပြီး Avengers Edition စမတ်ဖုန်းကို မကြာမီမိတ်ဆက်မည်ဖြစ်​​ကြောင်းသိရသည်​။
OPPO နှင့် Marvel သည် ၎င်းတို့၏ သက်ဆိုင်ရာဈေးကွက်တွင် ထိပ်တန်းနေရာရရှိထားသည့် အမှတ်တံဆိပ်များဖြစ်ပြီး OPPO ၏ F Series နှင့် Marvel ၏ Avengers Series တို့သည်လည်း သက်ဆိုင်ရာနယ်ပယ်များတွင် လူကြိုက်အများဆုံးကုန်ပစ္စည်းများဖြစ်ပြီး​OPPO နှင့် Marvel ၏ ခမ်းနားထည်ဝါသော ပူးပေါင်းဆောင်ရွက်မှုကို OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းအဖြစ် တွေ့မြင် ရမည်ဟုသိရသည်​။



OPPO F11 Pro Avengers Limited Edition ဖုန်းတွင် Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားသောစမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ၏ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားသည့် Rising Camera၊ Thor ၏ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်သည့် VOOC 3.0 အားသွင်းစနစ်၊ ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိသည့် Hulk ကဲ့သို့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နှင့် ညအချိန်တွင်ပင် မှန်ကန်တိကျစွာ မြားပစ်နိုင်သည့် Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်သည့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိသည်​ဟုသိရသည်​။
ထို့အပြင် OPPO Myanmar သည် F Series ၏ နောက်ထပ်မျိုးဆက်သစ်ဖြစ်သော OPPO F11 စမတ်ဖုန်းကို F11 Pro Avengers Limited Edition ဖုန်းနှင့်အတူ ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်သွားမည်ဖြစ်​​ကြောင်းသိရသည်​။
OPPO F11 စမတ်ဖုန်းသည် ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိသော မျက်နှာပြင်အရွယ်အစား၊ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ညအချိန်တွင်ပင် ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံရုပ်ထွက်များရရှိစေမည့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမည့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်သော VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန်အသုံးပြုနိုင်သော တာရှည်ခံသည့် 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေသော Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ဖြင့် ထွက်ရှိမည်ဖြစ်ပြီး F11 ဖုန်းကို ဆန်းသစ်လှပသော Fluorite Purple အရောင်နှင့် Marble Green အရောင်ဟူသည့် 3D အရောင်ပြေးကာလာနှစ်မျိုးဖြင့် ရရှိမည်ဖြစ်​​ကြောင်းသိရသည်​။
စူပါဟီးရိုးစွမ်းအားများကို စုပေါင်းထားသည့်အလား ဖန်တီးထားပြီး OPPO F11 Pro ၏ အဓိကဖုန်းအစိတ်အပိုင်းအားလုံး အပြည့်အစုံပါရှိသော F11 Pro Avengers Limited Edition စမတ်ဖုန်းနှင့် F Series ၏ မျိုးဆက်သစ်ဖြစ်သော F11 စမတ်ဖုန်းကို Marvel ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသည့် Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသမည့် ဧပြီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်သွားမည်ဖြစ်သည်။

Comments