မြန်​မာဆက်​သွယ်​​ရေး​အော်​ပ​ရေတာ Mytel မှ သရုပ်​​ဆောင်​မင်း​သွေးအားရည်​စူးပြုလုပ်​​သောဘုရားအ​နေကဇာတင်​လှူပွဲသို့ ကျပ်​သိန်း(၅၀) ပါဝင်​လှူဒါန်း


ဆက်သွယ်ရေးအော်ပရေတာ Mytel ၏ အမှတ်တံဆိပ်သံတမန်ဖြစ်သူ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်  နေတိုးမှ ဦးစီးပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ သံကျောက်တောင်တွင်ရှိသည့် ‘မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး’  အနေကဇာတင်ပွဲတွင် အလှူငွေအဖြစ် ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့
ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုသည် Mytel ၏ မြန်မာနိုင်ငံတွင်းလုပ်ဆောင်ရန် ရည်ရွယ်ထားသော ပညာရေးကဏ္ဍကို  ထောက်ပံ့ပေးခြင်း၊ ယဉ်ကျေးမှု နှင့် ဘာသာသာသနာကို တက်အားသရွေ့ကျရာကဏ္ဍမှ ပါဝင်ကူညီ  ထောက်ပံ့ပေးခြင်း စသည့် လူထုအကျိုးပြုလုပ်ငန်းစဉ်များအရ ထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်​။

ပြည်သူချစ်အနုပညာရှင် နေတိုးမှ ယခုကဲ့သို့လှူဒါန်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းရှိ အခြားသောတောင်များတွင် ဘုရားစေတီရှိသော်လည်း သံတောင်တွင်မူ ဘုရားစေတီ မရှိသေးသည့်အတွက် ကြေးသွန်းရုပ်ပွားတော် နှင့် စေတီတော်တည်ထားလိုသည့် နေတိုး၏ဆုံးပါးသွားပြီး  ဖြစ်သော သရုပ်ဆောင်ညီငယ်မင်းသွေး၏ အလှူပြုလိုသည့်ဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း  ဖြစ်သည်​ဟုဆိုသည်​။

ဆက်​လက်​ပြီး နေတိုးမှ “ကျွန်တော်နဲ့ Mytel သဘောတူစာချုပ်အရ ပြည်သူတွေအတွက် ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် လူထုအကျိုးပြုလုပ်ငန်း၊ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ သံဃာတော်တွေ သီတင်းသုံးနေထိုင်ဖို့ တောင်ပေါ်မှာရှိတဲ့ဝါးကျောင်းဆောင်တွေကို အုတ်ကျောင်းအဖြစ်  ဆောက်လုပ်လှူဒါန်းတဲ့နေရာမှာ Mytel က ကျွန်တော်တို့နဲ့အတူ ပါဝင်ပေးတဲ့အတွက် ဝမ်းသာကျေနပ်ပီတိဖြစ်မိပါတယ်။ Mytel က ဆက်သွယ်ရေးရော၊ ပြည်သူအကျိုးပြု လုပ်ငန်းတွေမှာပါ စိတ်အားထက်သန်စွာ လုပ်ကိုင်ပေးတဲ့အတွက် ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့သာမက မာန်အောင်မြို့သား တစ်ယောက်အနေနဲ့ပါ အားလုံးကိုယ်စား Mytel ကို ကျေးဇူးတင်မိပါတယ်” ဟု​ပြောသည်​။

Comments