Mytel သည် နိုင်ငံ ၁၂ခုသို့ မြန်မာနိုင်ငံမှ ဖုန်းခေါ်ဆိုရာတွင် ပြည်တွင်းဖုန်းခေါ်မှု နှုန်းထားများအတိုင်း ကောက်ခံသွားမည်


သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုရှိ Mytel သုံးစွဲသူထံ မြန်မာနိုင်ငံရှိ Mytel သုံးစွဲသူများမှ နိုင်ငံရပ်ခြားခေါ်ဆိုမှုပြုပါက တစ်မိနစ်လျှင် ၂၅ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်နှင့် ထိုင်းသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၄၀ကျပ် ကောက်ခံသွားမည်ဖြစ်ကာနိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုများအား ၆၀ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်​ကြောင်း ဖုန်းခေါ်ဆိုသည့်မိနစ်အလိုက် ကောက်ခံသွားမည်ဟုသိရသည်​။
“Mytel အနေနဲ့ သုံးစွဲသူများအတွက် အကောင်းဆုံး မိုဘိုင်းလ်ကွန်ရက် အတွေ့အကြုံများရရှိဖို့အတွက် နည်းလမ်းကောင်းများကို အမြဲရှာဖွေနေပါတယ်။ အခုလိုပရိုမိုးရှင်းအစီအစဉ် ရှိနေတော့ နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုအတွက် ၈၈ ရာခိုင်နှုန်းအထိ သက်သာမှာဖြစ်ပြီး ချစ်သူခင်သူတွေရော အလုပ်ကိစ္စဆိုင်ရာတွေကို အပူအပင်မရှိပဲ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားသည်။
Mytel သုံးစွဲသူများအနေဖြင့် မိမိတို့ ဆက်သွယ်မည့်ကာလပေါ် မူတည်၍ ဝန်ဆောင်မှုနှစ်မျိုးအား ရယူနိုင်ပြီး အပတ်စဉ် ၇ ရက်အတွက် ၁၅၀ကျပ် (အခွန်ပါပြီး) နှင့် လစဉ် ၃၀ ရက်အတွက် ၄၀၀ကျပ် (အခွန်ပါပြီး) ဝန်ဆောင်မှုများအား ရယူနိုင်ပြီဖြစ်ပြီး Mytel သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများ ရယူထားပါက နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုများအတွက် အထူးသက်သာသောဈေးနှုန်းများဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်​ကြောင်းသိရသည်​။
Mytel သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုအားရယူလိုပါက 966 သို့ HW25 ဟု စာတိုပေးပို့၍သော်လည်းကောင်း၊ *966*55# သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း သို့မဟုတ် Mytel အက်ပလီကေးရှင်းမှတဆင့် ဝန်ဆောင်မှုအား ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်ဟုသိ
ရသည်​။


Comments