Experian မှ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ပြီးပြည့်စုံသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန် အရှိန်အဟုန်မြှင့်တင်မည်


Experian မှ ကမ္ဘာတစ်ဝန်း လစဉ် ဘီလီယံ ၃၀၀ ကျော် ချေးငွေရယူခွင့်များပေးခဲ့ပြီး၂၀၁၀ ခုနှစ်မှ အစပြု၍ ချေးငွေရယူခွင့် ၈.၂ ဘီလီယံကျော် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့​ကြောင်းသိရသည်​။
သတင်းအချက်အလက်ဝန်ဆောင်မှုတွင် ကမ္ဘာ့ထိပ်တန်းမှ ရပ်တည်နေသော Experian သည် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အရှေ့တောင်အာရှတွင် ဘဏ်စာရင်းမရှိသူများနှင့် ဘဏ်စာရင်းဖွင့်ရန် လက်လှမ်းမမီသူများအား ၄.၉ ဘီလီယံကျော် ချေးငွေများပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်ဟုသိရသည်​။

၆၀ ရာခိုင်နှုန်းနီးပါး (၄.၉ ဘီလီယံကျော်) ချေးငွေရယူခွင့်များသည် အရှေ့တောင်အာရှမှဖြစ်သည်။ လူဦးရေ ၆၀၀ မီလီယံကျော်ရှိသော အရှေ့တောင်အာရှတွင် လူအများစုမှာ ဘဏ်စာရင်း သို့မဟုတ် ငွေကြေးဆိုင်ရာ တရားဝင်အထောက်အထားများ မရှိကြချေ။
Experian သည် တယ်လီဖုန်းအသုံးပြုသူများ၏  သုံးစွဲမှုနှင့် သုံးစွဲပုံအလေ့အထဆိုင်ရာ ဒေတာ အချက်အလက်များအပေါ် သုံးသပ်ဆန်းစစ်ထားသည့် သတင်းအချက်အလက်များကဲ့သို့  Alternative Data ကို အသုံးပြုကာ ဘဏ်စာရင်းမရှိသူများနှင့် ဘဏ်စာရင်းဖွင့်ရန် လက်လှန်းမမီသူများအား ငွေကြေးဆိုင်ရာ အထောက်အထားများ တည်ဆောင်နိုင်ရန်အတွက်  ချေးငွေများရရှိရန် ကူညီပံ့ပိုးပေး​ကြောင်းသိရသည်​။

ကမ္ဘာတစ်ဝန်းအနေဖြင့် ချေးငွေစုစုပေါင်း ၈.၂ ဘီလီယံထိတိုင်အောင် မြှင့်တက်ခဲ့သည်။ Experian သည် ကိုယ်ပိုင် နည်းပညာဖြင့် တယ်လီဖုန်းအသုံးပြုသူများ၏ သုံးစွဲမှုနှင့် သုံးစွဲပုံအလေ့အထဆိုင်ရာ ဒေတာအချက်အလက်အပေါ် သုံးသပ်ဆန်းစစ်ထားသည့် သတင်းအချက်အလက်များကို အခြေခံကာ တရားဝင်ချေးငွေသုံးစွဲမှုမှတ်တမ်း ရှိနေရန် မလိုအပ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ ငွေကြေးဆိုင်ရာအထောက်အထားများရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေးခဲ့ ပြီး
သို့ဖြစ်၍ အရှေ့တောင်အာရှအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပြီးပြည့်စုံသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အရှိန်အဟုန်မြှင့်တက်လာခဲ့သည်ဟုသိရသည်​။

Experian ၏ Southeast Asia & Emerging Markets ဌာနမှ Managing Director ဖြစ်သူ Dev Dhiman က “DAA နည်းလမ်းဟာ Experian အနေနဲ့ alternative data ကို အသုံးပြုပြီး အရှေ့တောင်အာရှတစ်ဝန်းမှာရှိတဲ့ ဘဏ်စာရင်း မရှိသူများနဲ့ ဘဏ်စာရင်းဖွင့်ဖို့ လက်လှမ်းမမီသူများအတွက် ငွေကြေးဆိုင်ရာ အထောက်အထားများ ရရှိစေဖို့ ဘယ်လိုလမ်းစပြုခဲ့တယ်ဆိုတာ ဥပမာတရပ်ပဲဖြစ်ပါတယ်။ အခြား ကြိုးစားအားထုတ်မှုများဖြစ်တဲ့ ရင်းနှီးမြှပ်နှံမှုနဲ့အတူ CekAja နဲ့ RinggitPlus တို့လို ဒေသတွင်း ငွေကြေးဆိုင်ရာဈေးကွက်နေရာများနဲ့ ပူးပေါင်းပြီး ဒေသတွင်း ဆက်လက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရင်း သုံးစွဲသူများအနေနနဲ့လည်း ငွေကြေးဆိုင်ရာထုတ်ကုန်များ၊ ဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီသုံးစွဲလာနိုင်အောင်လည်း Experian မှ ရည်ရွယ်ထားတယ်” ဟု ပြောကြားခဲ့​ကြောင်းသိရသည်​။
Experian သည် တယ်လီဖုန်းကုမ္ပဏီများမှတစ်ဆင့် လေ့လာသုံးသပ်ထားသော ဒေတာအချက်အလက်များ (Alternative Data)ကို အကောင်းဆုံးအသုံးပြုကာ ဘဏ်စာရင်းမရှိသူများ၊ ဘဏ်စာရင်းဖွင့်ရန် လက်လှမ်းမမီသူ ဖုန်းသုံးစွဲသူများအကြား ထိရောက်သော လူထုအကျိုးပြုလုပ်ဆောင်ချက်များကို အလေးထားပြုလုပ်သွားမည် ဖြစ်​ကြောင်းသိရသည်​။

Comments