တေးရေး တေးဆို ထူးအောင်ပြည့် ၏ ရင်ဝှက်ပန်း   တေးအယ်လ်ဘမ် ဧပြီ ၂၉ရက် ဖြန့်ချိ




တေးရေး တေးဆို ထူးအောင်ပြည့်ရဲ့ 'ရင်ဝှက်ပန်း' တေး အယ်လ်ဘမ်စာနယ်ဇင်းမိတ်ဆက်ပွဲကို ဧပြီ ၂၆ရက် မွန်းလွဲ ၁နာရီက  House of Orchid Hotel တွင်ကျင်းပခဲ့သည်။

''ကျွန်တော် ဒီအခွေလေးအတွက် အစစအရာရာပံ့ပိုး ကူညီပေး ခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အခွေ လေးမှာ သီချင်းကိုးပုဒ်ပါပါတယ်။ ဒီသီချင်းတွေကိုလည်း ကျွန် တော်ကိုယ်တိုင်ရေးသားထားတာပါ။ ဒီအခွေအတွက် Arrangement  လုပ်ပေးတာကတော့ ကိုနိုင်ဇော်(Lazy Club) ကလုပ်ပေး ထားပါတယ်။ အခွေလေးကို အချိန်၊ငွေကြေး၊ စိတ်အားထက်သန်စွာ ကြိုးစားထားပါတယ်။ အားပေးပါလို့တောင်းဆိုချင်ပါတယ်''လို့ ပြောကြားခဲ့
ကြောင်းသိရသည်​။

Comments