ကန်တော်ကြီးအနီး BCC ကျပြီးအသင့်နေနိုင်သော Kantharyar Residence ကွန်ဒိုအထူးအရောင်းပြပွဲ




မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ AMCD မှတာဝန်ယူတည်ဆောက်သော Kantharyar Residence ကွန်ဒိုအထူးအရောင်းပြပွဲကြီးကို ၂ဝ၁၉ ခုနှစ် ၊ ဧပြီလ (၅ ၊ ၆ ၊ ၇) ရက် ( သောကြာ ၊စနေ၊ တနင်္ဂနွေ) နေ့များတွင်၊ နံနက် (၁၀) နာရီ မှ ည (၈)နာရီ အထိ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်ရှိ အဆိုပါကွန်ဒိုတည်ရှိရာ  Office Lobby တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားကို ပြပွဲ ပထမရက်ဖြစ်သည့် ဧပြီလ (၅) ရက်နေ့ ၊ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Kantharyar Residence သည်  100% ဆောက်လုပ်ပြီးစီးနေပြီး  (BCC ကျပြီးဖြစ်၍) အသင့်နေထိုင်နိုင်မည့် ကွန်ဒိုတစ်ခုဖြစ်သည်။ ဒါ့အပြင် ၀ယ်ယူပြီး (၇) နှစ်အတွင်း အရင်းကျေနိုင်သော အငှားဈေးကွက်ရှိသည့် တစ်ခုတည်းသော ကွန်ဒို ဖြစ်ပြီး
Residence Tower ၊ Office Tower ၊ Service Apartment ၊ Wyndham 5 Star Hotel ၊ Shopping Centre ၊ JCGV ရုပ်ရှင်ရုံ (လူ ၁၀၀၀ ဆန့်ရုံ (၅) ရုံ) တို့ပါဝင်သည့် ပြီးပြည့်စုံသည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ရန်ကုန်မြို့ ၏ လှပသော ရှုခင်းများ ၊ ကန်တော်ကြီးနှင့် ရွှေတိဂုံဘုရားကို နေ့စဉ်ဖူးတွေ့နိုင်မည့် ကွန်ဒိုတစ်ခုလည်း ဖြစ်သည်ဟုသိရသည်​။
“ ဒီအရောင်းပြပွဲမှာတော့ ကန်တော်ကြီးအနီးမှာရှိတဲ့ အသင့်နေနိုင်မဲ့ Kantharyar Residence က အခန်းတွေကို ရောင်းချပေးသွားမှာပါ ။ အကျယ်အဝန်းတွေ အနေနဲ့ကတော့ 1485 sqft ကနေ 1608 sqft အထိ ရွေးချယ်လို့ရမှာပါ ။ ဒီ Kantharyar Residence မှာနေထိုင်သူတွေဟာဆိုရင် Condo Facilities တွေကိုလည်း အပြည့်အဝ ခံစားရမှာပါ။ Kantharyar Center မှာဆိုရင် Residence Tower ၊ Office Tower ၊ Service Apartment ၊ Wyndham 5 Star Hotel ၊ Shopping Centre ၊ JCGV ရုပ်ရှင်ရုံ တို့ပါဝင်မှာ ဖြစ်ပါတယ် ။ အရောင်းပြပွဲအတွင်းမှာ ဝယ်ယူသူများအနေဖြင့် 25% အထိ Discount ရရှိမည့်အပြင် YOMA Home Loan ဖြင့်ချိတ်ဆက်ပြီး ၂၅ နှစ်အထိ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်

Comments