YKKOမှနှစ်(၃၀)ပြည့်အနေဖြင့်ကျောင်းသား/သူ(၃၀)အားတစ်ဦးလျှင်ပညာသင်ကြေးဆယ်သိန်းပေးအပ်



 

YKKOမှနှစ်(၃၀)ပြည့်အနေဖြင့်ကျောင်းသား/သူ(၃၀)အားတစ်ဦးလျှင်ပညာ
သင်ကြေးဆယ်သိန်းထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းရန်ကင်းကြေးအိုး(YKKO)မိသားစုမှယနေ့သိရသည်။ 
    
ရန်ကင်းကြေးအိုး(YKKO)မှာ၁၉၈၈ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး
ယခုနှစ်တွင်နှစ်(၃၀)ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၈-၂၀၁၉ပညာသင်နှစ်၌(အဌမတန်း နဝမတန်း ဒသ၁မတန်း)တွင်ပညာသင်ကြားနေသောကျောင်းသား/ကျောင်းသူအယောက်(၃၀)ကိုတစ်နှစ်စာ ပညာသင်ကြေးတစ်ဦးလျှင်ကျပ်၁၀သိန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

 ''လစဉ်လည်းလူမှုအကျိုးပြုလုပ်ငန်းတွေလည်းရှိပါတယ်ဒါပေမဲ့နှစ်၃၀မှာထူးထူးခြားခြားဖြစ်သွားအောင် ပညာလည်းထူးချွန်ပြီးအထောက်အပံ့လိုအပ်နေတဲ့ကလေးတွေကိုအဓိကထားရွေးချယ်ပြီးထောက်ပံ့ပေးခဲ့တာပါ အပြင်ကျောင်းတွေကိုထောက်ပံ့ပေးခဲ့တာတော့ပထမဆုံးအကြိမ်ပါ''ဟုYKKO၏Marketing Managerမဖြူသက်မာကပြောသည်။ 

ယခုနှစ်တွင်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမှကျောင်းသားကျောင်းသူ၂၀နှင့်
မန္တလေးတိုင်းဒေသကြီးနေပြည်တော်နှင့် မွန်ပြည်နယ်တို့မှကျောင်းသားကျောင်းသူ၁၀ဦးတို့အားပညာသင်ကြေးထောက်ပံ့ပေးခဲ့ပြီးနောင်နှစ်များ
တွင်လည်းထောက် ပံ့မှုများကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ 

၁၉၈၈ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည့်ရန်ကင်းကြေးအိုးဆိုင်မှာလက်ရှိတွင်
YKKOနာမည်ဖြင့်ဆိုင်ခွဲပေါင်း(၃၅)ဆိုင်အားဖွင့်လှစ်ထားပြီးဖြစ်ကြောင်းသိရသည်။

Comments