အသည်းရောင်အသားဝါရောဂါအားစောစီးရှာဖွေကုသနိုင်ရန်ရည်ရွယ်၍ကမ္ဘာ့အသည်း​ရောင်​ အသားဝါ​နေ့အထိမ်းအမှတ်​ပွဲ ကျင်းပမည်





အသည်းရောင်အသားဝါရောဂါအားစောစီးရှာဖွေကုသနိုင်ရန်ရည်ရွယ်၍ကမ္ဘာ့အသည်း​ရောင်​ အသားဝါ​နေ့အထိမ်းအမှတ်​ပွဲကို ဇူလိုင်​ ၃၁ ရက်​တွင်​ ရန်​ကုန်​မြို့ရှိ တပ်​မ​တော်​ခန်းမ၌ ကျင်းပမည်​ဖြစ်​​ကြောင်းယနေ့ရန်​ကုန်​မြို့ရှိ Jasmine Palace Hotel တွင့်ပြုလုပ်ခဲ့သည့်စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်​။

 မြန်​မာနိုင်​ငံဆရာဝန်​အသင်း အစာအိမ်​အူလမ်း​ကြောင်းနှင့်အသည်းဆေးပညာအဖွဲ့မှဦးစီး၍ဇူလိုင်​လ ၂၈ ရက်​နေ့တွင်​ကျ​ရောက်မည့်ကမ္ဘာ့အသည်းရောင်အသားဝါနေ့အထိမ်းအမှတ်အားကျင်းပခြင်းဖြစ်ပြီးပြည်သူများအသိ ပညာနှင့်ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

 '' ဒီနှစ်​ရဲ့​ဆောင်​ပုဒ်​ကလည်း "အသည်း​ရောင်​​ရောဂါကင်း​ဝေး​ရေး ၀ိုင်းဝန်းရှာ​ဖွေစစ်​​ဆေး​ပေး" ဖြစ်​တဲ့အတွက်​ ​စော​စောစီးစီးသိရှိပြီး ကာကွယ်​နိုင်​​အောင်​ လုပ်​​ဆောင်​တာပါ" ဟု မြန်​မာနိုင်​ငံဆရာဝန်​အသင်း အစာအိမ်​အူလမ်း​ကြောင်းနှင့်​ အသည်း​ဆေးပညာအဖွဲ့မှ ဥက္ကဌ ပါ​မောက္ခ ဗိုလ်​မှူးကြီး ​ကျော်​စိုးထွန်းက ​ပြောသည်​။

အသည်း​ရောင်​ အသားဝါ​ရောဂါမှာ တစ်​ကမ္ဘာလုံးအတိုင်းအတာဖြင့်​ လူဦး​ရေ သန်း​ပေါင်း ၄၀၀ ​ခန့်​ ကူးစက်​ခံရပြီး တ​နေ့လျှင်​ လူ​လေး​ထောင်​ခန့်​ အသက်​ဆုံးရှုံး​နေ​ကြောင်း၊ အဆိုပါ​ရောဂါမှာအထူးသဖြင့်​ရောဂါလက္ခဏာမပြကာလူ​ကောင်းပဂတိအတိုင်း ရှိ၍လူတစ်ဦးမှတစ်ဦးသို့​ကူးစက်​တက်ကြောင်း​ ​စော​စီးစွာရှာ​ဖွေကုသနိုင်​ရန်လိုကြောင်းသိရသည်။

Comments