မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များပေါ်ထွက်လာပြီးတိုင်းရင်းသားဒေသစီးပွားရေးဖွံ့ဖြိုးရန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဆောင်ရွက်မည်
မြန်​မာနိုင်​ငံတိုင်းရင်းသားလုပ်​ငန်းရှင်​များအသင်းမှ
တိုင်းရင်းသားလုပ်​ငန်းရှင်​များ ​ပေါ်ထွန်းလာပြီး တိုင်းရင်းသား​ဒေသစီးပွား​ရေးကို စဉ်​ဆက်​မပြက်​ ဖွံ့ဖြိုးတိုးတက်​​စေရန်​အတွက်​ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသင်း၏ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးမင်းဗညားစံက​ပြောသည်​။
ယ​နေ့ တွင်ကုန်​သည်​စက်​မှုအသင်းချုပ်​၌်မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း စတင်မိတ်ဆက်ခြင်း အခမ်းအနားအားပြုလုပ်ခဲ့သည်။
တိုင်းရင်းသားလုပ်​ငန်းရှင်​များ၏ စီးပွား​ရေးဖွံ့ဖြိုး တိုးတက်​မှု ​ဖော်​​ဆောင်​ရာတွင်​ တခန်းတကဏ္ဍမှ ထိရောက်​စွာ ပါဝင်​ကူညီ​ဆောင်​ရွက်​​နေ​သော  အဖွဲ့အစည်းအဖြစ်​ ​ရေရှည်​တွင် ခိုင်​ခိုင်​မာမာ ​ရပ်​တည်​​ဆောင်​ရွက်​ရန်​ ​မျှော်​မှန်းထားကြောင်းသိရသည်
ယခုနှစ်​ ဇန်​နဝါရီလ ဒုတိယပတ်တွင်တိုင်းရင်းသားဖိုရမ်အား
ကျင်းပခဲ့ခြင်းဖြစ်​ပြီး အဆိုပါ ​ဆွေး​နွေးပွဲမှ တိုင်းရင်းသားမီဒီယာကဏ္ဍနှင့်​ပတ်​သက်​သည့်​အချက်​ ၉ချက်​၊ တိုင်းရင်းသား သယံဇာတများမှ ရရှိသည့်​ အကျိုးအမြတ်​များကို ခွဲ​ဝေအသုံးချမှုကဏ္ဍ ၉ချက်​နှင့်​ တိုင်းရင်းသားလူမျိုးတို့၏ စီးပွား​ရေးဆိုင်​ရာအချက်​အလက်​များကဏ္ဍ ၁၀ချက်ဟူ၍ ​ စုစု​ပေါင်း ၂၈ ချက်​ထွက်​ရှိခဲ့သည်​။
"ဒီအသင်းကို စတင်​သိကျွမ်းရတာဖြစ်​​သော်​လည်းပဲ။
တူရာစုပြီး စု​ပေါင်းတာဝန်​ခံမယ်​ အလုပ်​​တွေကို ထဲထဲဝင်​ဝင်​လုပ်​နိုင်​ဖို့နဲ့ ​ရေရှည်​မှာ အပြန်​လှန်​ အ​ထောက်​ကူ​ပေးရမယ်​ ။အပြန်​အလှန်​ ကျားကန်​​ပေးရမယ်​။
ကိုယ့်​ရဲ့ဘဝတူ တိုင်းရင်းသားညီ​နောင်​​တွေကြားမှာ စီးပွား​ရေးဆိုင်​ရာလုပ်​ငန်းရပ်​​တွေကို လက်​​တွဲပြီး​တော့ တိုးပြည်​ရဲ့ စီးပွား​ရေးပြုပြင်​​ပြောင်းလဲမှု​တွေ ​အောင်​မြင်​​စေ​ရေးအတွက်​ အဓိက​တော့ တစ်​နိုင်​ငံလုံးအပစ်​အခက်​ရပ်​စဲ​ရေး NCAလက်​မှတ်​ထိုးတယ်​။ လက်​မှတ်​ထိုးတဲ့ ရည်​ရွယ်​ချက်​က ဒီမိုက​ရေစီဖက်​ဒရယ်​ပြည်​​ထောင်​စုကို ထူ​ထောင်​ဖို့ဖြစ်​တယ်​ ဒါကျွန်​​တော်​တို့ရဲ့ အမျိုးသား​ရေး တာဝန်​ပဲ။"ဟု ပအိုဝ်းအမျိုးသားလွတ်​​မြောက်​​ရေးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ခွန်​မြင့်​ထွန်းက​ပြောသည်​။
ဒီမိုက​ရေစီဖက်​ဒရယ်​ပြည်​​ထောင်​စုကို ထူ​ထောင်​ရန်​အတွက်​ ငြိမ်းချမ်း​ရေး တည်​​ဆောက်​မှုလုပ်​ငန်းစဉ်​၊ 
နိုင်​ငံ​ရေးပြုပြင်​​ပြောင်းလဲမှုလုပ်​ငန်းစဉ်​နှင့်​၊စီးပွား​ရေးပြုပြင်​​ပြောင်းလဲမှုလုပ်​ငန်းစဉ်​ဟူ၍လုပ်​ငန်းစဉ်​ ၃ရပ်​ ​အောင်​မြင်​ရန်​လိုပြီး
ယင်းလုပ်​ငန်းစဉ်​​များ အောင်​မြင်​​အောင်​ လုပ်​​ဆောင်​ရာတွင်​ အမျိုးသား​ရေးကဏ္ဍ​အလိုက် ကျရာ
အခန်းကဏ္ဍကို စုစုစည်းစည်းဖြင့်​ လုပ်​​ဆောင်​နိုင်ရမည်​ဟုဆိုသည်​။
ယင်းတို့နှင့်​ ဆက်​စပ်​​ရာ​ဒေသများတွင်​ စီးပွား​ရေး ဖွံ့ဖြိုး​ရေးလုပ်ငန်း​များကို လုပ်​​ဆောင်​နိုင်​​အောင်​ ပြင်​ဆင်​​ဆောင်​ရွက်​​နေကာ တဖက်​တွင်​ ​ရေရှည်​အတွက်​ နိုင်​ငံ​ရေး​ဆွေး​နွေးမှု​များနှင့်​ ငြိမ်းချမ်း​ရေးဖြစ်​စဉ်​ကို တည်​​ဆောက်​​၍ နိုင်​ငံ​ရေးပြုပြင်​​ပြောင်းလဲမှုဖြစ်​စဉ်​များတွင်​ ပါဝင်​​နေသကဲ့သို့ တဖက်​ကလည်း ဒေသရှိ လူထုစီးပွား​ရေး​၊ ကိုယ်​တိုင်​ရပ်​တည်​ရှင်​သန်​​ရေး​တို့ကို အပြန်​အလှန်​ တပြိုင်​တည်း ဖော်​​ဆောင်​သွားမည်​ဖြစ်ကြောင်းသိရသည်။https://www.facebook.com/A-Wal-Daw-211122909422725/
Comments